ayiark kan ya mae thi tae monkey twe pee lal!
arr lon ka atutu bar pee!

On Sep 25, 9:33 pm, ZiPpY <[EMAIL PROTECTED]> wrote:
> စမ်းသပ်မှု တစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲ ထည့်ပြီး
> လှောင်အိမ်ထိပ်မှာ ဌက်ပျောသီး တစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။
> အော်တိုစမ်းသပ် ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ဌက်ပျောသီးကို
> သွားယူမယ်လို့ ကြံခဲ့ရင် လှောင်အိမ်ကို ရေတွေနဲ့ ချက်ချင်း ပက်ဖြန်းတာ
> ခံကြရလိမ့်မယ်။
>
> စစချင်း မျောက်တစ်ကောင်က ဌက်ပျောသီးကို ယူဖို့ကြံတော့
> ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။
> ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့
> မျောက်တွေက ဌက်ပျောသီးကို မယူရင် ရေပက်မခံရဘူး..ဒါကြောင့် ဌက်ပျောသီးကို
> သွားမယူဖို့ အားလုံးက သဘောတူ ဆုံးဖြတ် လိုက်ကြတယ်။
>
> နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့
> လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲ အသွင်းခံရတဲ့
> မျောက်ညိုဟာ ဌက်ပျောသီးကို မြင်တာနဲ့ ချက်ချင်း သွားယူမလို့ပါပဲ။
> ဒါပေမယ့် တစ်ကောင်ကောင်က ဌက်ပျောသီးယူမယ်လို့ ကြံလိုက်ရင် ရေပက်ခံရမယ်
> ဆိုတာကို သိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို ခံလိုက်ရတယ်။
> မျောက်ညိုက ယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ ကြံလိုက်တိုင်း
> အထုအထောင်းပဲ ခံနေရတော့ နောက်ဆုံး လက်လျော့လိုက်ရတယ်။ မျောက်
> ငါးကောင်စလုံးက ရေပက် မခံရတော့ဘူးပေါ့။
>
> စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့
> လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်း
> မျောက်ညို အတိုင်းပဲ လှောင်အိမ်ထဲ ၀င်လာတာနဲ့ ဌက်ပျောသီးကို ယူဖို့
> ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့ အရိုက်ကိုပဲ ခံလိုက်ရတယ်။
> မျောက်ညိုကလည်း အရိုက်ခံထား ရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေ
> ၀ိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီး ၀င်လောင်းတာပေါ့။ မျောက်ဖိုးစိန်လည်း
> ယူဖို့ကြံတိုင်း အရိုက်ပဲ ခံနေရတော့ လက်လျော့လိုက်ရတယ်။
>
> အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့
> လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲ ဖြစ်ကုန်တယ်။
> ဒါပေမယ့် တစ်ကောင်မှ ဌက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာ
> သူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။
>
> ဒီလိုနဲ့ပဲ " ရှေးထုံးစဉ်လာ" ဆိုတာ ဖြစ်ပေါ်လာတယ်။
> ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။
> ကျွန်တော်တို့ဟာ ဌက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့
> မျောက် လား....? အရိုက်ခံရမယ် ဆိုတာကိုပဲ သိတဲ့ မျောက်လား......?
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to