နားမလည်နိုင်မှုများဖြင့်ပြည့်နှက်နေသည့် လောကကြီးတွင် အရာအားလုံးကို နားလည်ရန်ကြိုးစား နေခဲ့သူ ငါနှင့်.. နားမလည်နိုင်မှုများ မွေးဖွားပေးခဲ့သော လောကကြီးတို့ ထိပ်တိုက်တွေ့ချိန်..
ကျွန်တော်လမ်းပျောက်နေတယ်။ VIP ဆေးရုံကထွက်လာပြီး ဘယ်သွားရမှန်းကိုမသိဘူး။ စိတ်ညစ်တယ်နော်။။။ အဲဒါနဲ့ပဲလျှောက်သွားနေလိုက်တယ်… ‘ဟိတ်ကောင်လေး ဘယ်သွားမလို့လဲ။ ‘ စိတ်ညစ်လို့ဘယ်သွားရမှန်းမသိပါဘူးဆိုနေမှ လာမေးနေပြန်ပြီ။ ကျွန်တော်ညစ်ညစ်နဲ့ လှည့်ကြည့်လိုက်တော့.. ဓါးကြီးကိုင် ရွှေရောင်ကိုယ်ကြပ်နဲ့ မါးမါးမတ်မတ်ရပ်နေတဲ့ လူကြီးတစ်ယောက်။ ‘ခင်ဗျားကိုကျွန်တော်မြင်ဘူးသလိုပဲနော်.. ခင်ဗျားကောကျွန်တော့်ကိုမြင်ဘူးလား..’ ‘မင်းကိုတော့မမြင်ဘူးဘူး.. မင်းငါ့ကိုမြင်ဘူးတာတော့ မဆန်းပါဘူး..’ ‘ODYSSEY ကိုလူတိုင်းသိကြတယ်။ လူတိုင်းကိုတော့ ငါကဘယ်သိမလဲကွ။’ ‘သိပြီ ၊ ဟုတ်တယ် ဂရိ သူရဲကောင်း ODYSSEY.. ‘ ‘ခင်ဗျားကိုကျွန်တော်သိပြီ။’ ကျွန်တော်ပဲစကားကိုဆက်လိုက်တယ်။ သူ့ပုံက ဆွေးမြေ့နေပုံ ပေါ်နေတယ်။ ဟိုးအဝေးကိုကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့ငေးကြည့်နေတယ်။ ‘ခင်ဗျားဒီမှာဘာလုပ်နေတာလဲ။’ ငါ’ရန်သူတွေကိုစောင့်နေတာ.. စစ်ခင်းရတော့မယ်။’ ‘စစ်ခင်းမယ်..ဘာကြောင့်စစ်ခင်းမှာလဲ..’ ‘ဟယ်လင့် ကြောင့်ပေါ့ကွာ.. ဟယ်လင့်ကြောင့်. .ဟင်း..’ ပြောနေရင်းနဲ့သူသက်ပြင်းချတယ်။ ‘ဟင်..ခင်ဗျားနဲ့ ဟယ်လင်နဲ့ ယူပြီးလို့ခလေးတောင် သုံးယောက်ရနေပြီမဟုတ်လား။’ ‘ဒါတောင် ဟယ်လင့်ကိုလုမဲ့သူတွေကရှိသေးတယ်… အံ့ရောဗျာ။’ သူတော်တော်အံ့သြသွားတယ်။ မျက်လုံးကြီးပြူးပြီးကျွန်တော့်ကိုပြန်မေးတယ်။ ‘မင်း.. မင်း…. ဒီအကြောင်းတွေကို ဘယ်လိုလုပ်ပြီးသိနေတာလဲ.’ ‘ဂျာနယ်တွေထဲမှာ ဒီလိုပဲဖွနေကြတာပဲလေ။ ‘ ‘မီဒီယာခေတ်မှာဘယ်ဟာမှဖုန်းကွယ်ထားလို့မရတော့ဘူးဗျ။’ ‘ဒါနဲ့နေပါဦး ဘယ်သူတွေကများခင်ဗျားရဲ့ဟယ်လင်ကိုလာလုကြမှာလဲ။။’ သူရီဝေစွာနဲ့ပြန်ဖြေပါတယ်။ တစ်ခွန်းထဲပါ။ ‘ကျန်စစ်သား…’ ‘ဗျာ….’ ‘ဟုတ်တယ်ကျန်စစ်သား… အရင်ကလိုကချောက်ကချက်လေးတွေဆိုရင်ငါကမမှု ပါဘူးကွာ.. အခုဟာက ကျန်စစ်သားကွ.. ပြီးတော့ သူ့ကိုကူမှာက ရာဇဓိရာဇ်..’ ‘ကောင်းဗျာ… ခင်ဗျားကိုကူမဲ့သူမရှိဘူးလား.. ‘ ကျွန်တော်စိုးရိမ်တကြီးနဲ့ ပြန်မေးလိုက်ပါတယ်။ တစ်ကယ်လည်းစိုးရိမ်စရာပဲကို.. ‘အင်း..ရှိတယ်. .ငါ့သူငယ်ချင်း အာခိလိ ကို ငါ sms ပို့ပြီးအကြောင်းကြားထားတယ်။’ ‘ဒီကောင်မနက်ဖြန် အမြန်ရထားနဲ့ရောက်လိမ့်မယ်…’ ‘ကဲကဲ ကောင်လေး မင်းလည်းသွားတော့  တော်ကြာနေမင်းပါအခြောင်ပါနေဦးမယ်။’ -------------------xxxxxxxx-------------------- ‘စစ်…စစ် ဘယ်စစ်မှမကောင်းဘူး။ ‘ ကျွန်တော် အသံထွက်အောင်ကိုငြီးလိုက်ပါတယ်။ ပတ်ဝန်းကျင်ကလည်းတိတ်စိတ် နေတော့အသံတောင်တော်တော်ကျယ်သွားသလားပဲ။ ‘ကောင်းပါတယ်.. ရေစစ်.. ရေစစ် ကကောင်းပါတယ်။’ ကျွန်တော် ဘေးပတ်သန်းကျင်ကိုလိုက်ကြည့်လိုက်တယ်။ ဘယ်လူမှလဲမရှိ။ ကျွန်တော်ညောင်ပင်ကြီးတစ်ပင်အောက်ရောက်နေတာပါ။ အပေါ်ကိုမော့ကြည့်တယ်။ ဘေးကိုကြည့်တယ်။ အောက်ငုံ့ကြည့်တယ်။ အနောက်လှည့်ကြည့်တယ်။ ဘာမှမတွေ့ဘူး.. ‘ဘာတွေလိုက်ရှာနေတာတတုံးကောင်လေးရ။’ ‘လာပြန်ပြီ။။ ခင်ဗျားဘယ်သူလဲ.. ‘ ကျွန်တော်အော်မေးလိုက်တယ်။ ဖွတ်.. ကျွန်တော့်ဘေးနားမှာ လူတစ်ယောက် အော်တော်မစ်တစ် ပေါ်လာတာပါ။ ‘အောင်မလေးဗျာ.. ‘ ‘ဟားဟားဟား.. မင်းတော်တော်လန့်သွားလား.’ ‘မလန့်ပဲခံနိုင်ရိုးလားဗျ.. ခင်ဗျားကဘာလဲ.. လူလား..နာနာဘာဝလား။။’ ‘ငါက လူမဟုတ်ဘူးကွ။။’ ‘ဒါ ဆိုခင်ဗျားက..’ ‘ငါက ရုက္ခဆိုး…’ ‘အော်..ဒါနဲ့နေပါဦး မင်း က လန့်တယ်သာဆိုတယ်။ မင်းမျက်နှာပေါ်မှာ ဘာအမူအရာမှမပေါ်ပါလား..မျက်နှာသေကြီးနဲ့..’ ကျွန်တော်စိတ်စိတ်နေလိုက်တယ်။ ဘာမှဖြေရှင်းချက်မပေးချင်လို့ပါ။။ သူကပဲစကားကိုရှေ့ဆက်ပါတယ်။ ‘မင်း ဟန်ဆောင်နေတာတော့မဟုတ်ပါဘူးနော်။။ ဟန်ဆောင်တယ်ဆိုရင်လည်း ကိစ္စ မရှိပါဘူး.. ဟန်ဆောင်တယ်ဆိုတာ. လူသားမျိုးနွယ် တစ်ခုလုံးမှာ ပြက်သုန်း မသွားသေးတဲ့ ယဉ်ကျေးမှုပဲကွ…’ ‘တစ်ချို့ ဟန်ဆောင်မှုတွေကချစ်စရာကောင်းပါတယ်။ နားလည်ပေးလို့လည်းရပါတယ်။’ ‘ခင်ဗျား က ရုက္ခဆိုးသာဆိုတယ်။ စကားလုံးတွေက ခေတ်စကာလုံးတွေပါလား။’ ‘ငါက စာရေးဆရာဖြစ်ချင်နေတာ။ မော်ဒန်တွေမှရေးချင်တာကွ။’ ‘ဖရန့်(ဇ)ကာ(ဖ)ကာ ဆိုငါသိပ်ကြိုက်တဲ့ စာရေးဆရာပေါ့ကွာ။’ ‘ဟေ့ကောင်ရေ ငါက စာရေးပြီဆိုရင်လဲအသေအလည်းရေးတာ’။ ‘ဖတ်ပြီဆိုရင်လဲအသေအလည်းဖတ်တာကွ။ ‘ သူကတော့ ကိုယ့်ကိုငယ်ပေါင်းကြီးဖော်သူငယ်ချင်းကြနေတာပဲ တရင်းတနှီးကိုပြောနေတော့တာ။ ကိုယ်ကတော့သူပြောသမျှငြိမ်နားထောင်နေ ရတာပဲ။ စာရေးသားခြင်းသည်သေခြင်းထက်နက်ရှိုင်းသောအိပ်စက်မှုဖြစ်သည်။ အလောင်းကောင်ကို ဂူထဲမှပြန်၍ထုတ်မယူတော့သကဲ့သို့၊ ညအခါတွင်ငါ၏စာရေးစားပွဲမှ ငါ့အားဆွဲထုတ်၍မရနိုင် ‘လို့ ဖရန့်(ဇ)ကာ(ဖ)ကာ ကပြောခဲ့တယ်ကွ။ ငါလည်းညမအိပ် ပဲ စာတွေထိုင်ရေး… ရေး’… သူအလန့်တကြားနဲ့ ပြောလက်စကားရပ်ပြီးတော့.. ဖွတ် ခဏဲသူပြန်ပျောက်သွားပါတယ်။ ခဏကြာတော့ အဖိုးအိုတစ်ယေက်ာသစ်ပင်ရိပ်အောက်ရောက်လာသည်။ ကျွန်တော့်ကို တစ်ချက်ကြည့်သည်.. ပြီးတော့.. ညောင်ပင်ကြီးရှေ့ဒူးတုပ်ထိုင်ပြီး ‘အရှင်ရုက္ခဆိုး နတ်မင်း ကျွန်တော့်ကို ထီပေါက်အောင်မစပါ။’ ‘ဟိုတစ်လောက ပဲကျွန်တော့်သူငယ်ချင်းထီပေါက်သွားသေးတယ်။’ ‘ကျွန်တော်ကတော့ ဆုလာတောင်းတာ ခဏခဏရှိပြီအခုထက်ထိ ထီမပေါက် သေးဘူး။ ဒီတစ်ခါတော့ထီပေါက်အောင်ကူညီမစပါဗျာ..’ အဲဒီလိုတွေပြော. .ပြီးတော့ဦးသုံးကြိမ်ချ.. ကျွန်တော့်ကိုတစ်ချက်ကြည့်ုပြီးပြန်ထွက် သွားပါတယ်။။အဖိုးအိုထွက်သွားပြီးခဏအကြာမှာပဲ.. ဖွတ်.. ရုက္ခစိုးပြန်ပေါ်လာပါတယ်။ ‘ခင်ဗျားကလည်းဗျာ ဘယ်လိုဖြစ်လို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာလည်း.. ငြိမ်ငြိမ်သက်သက်ကိုမရှိဘူး.. ‘ ‘ဟကောင်ရ အဖိုးကြီးလာလို့ပုန်းရတာကွ..’ ‘ခင်ဗျားကလည်း အဖိုးကြီးကို များပုန်းရတယ်လို့ဗျာ.. သူ့ခင်ဗျာ နေပူကြီးထဲလာပြီးခင်ဗျားဆီလာဆုတောင်းရတာ..’ ‘အေးအဲဒါခက်နေတာပေါ့..’ ‘ဘာများခက်စရာရှိလို့လည်း ကိုရုက္ခစိုးရယ်.. သူထီပေါက်ချင်တာကို ပေါက်အောင်လုပ်ပေးလိုက်ပေါ့ ဗျာ..ဘာခက်တာမှတ်လို့.. ခင်ဗျားကရုက္ခစိုးပဲ..’ ‘ထီပေါက်ချင်တာကိုပေါက်အောင်လုပ်ပေးလို့ရတယ်ကွ.. ‘အဲဒါပေမဲ့..သူုကိုယ်တိုင်ကလည်းထီထိုးဖို့လိုတယ်..’ ‘အန်..’ ‘ဟုတ်တယ်..အဖိုးကြီးကထီသာပေါက်ချင်တာ..ထီတော့ထိုးတာမဟုတ်ဘူး။’ ‘မင်းကိုကြုံတုန်းပြောရဦးမယ်.. လူ့ဘ၀မှာရည်မှန်းချက်ကြီးကြီးထားတာကောင်းပါတယ်။’ ‘ဒါပေမဲ့ ကိုဖြစ်ချင်တာကိုဖြစ်အောင်မလုပ်ပဲ. စိတ်ကူးယာဉ်အိပ်မက်မက်နေတာတော့ မဖြစ်သင့်ဘူး..’ ‘ထီပေါက်ချင်တဲ့သူက ထီတော့ထိုးမှဖြစ်မှာပေါ့။’ ကျွန်တော်ပြုံးနေပါတယ်။ ဟုတ်ပါတယ်ကျွန်တော်ပြုံးနေတယ်ထင်တယ်။ ကျွန်တော် တစ်ခုခုကိုရလိုက်ပါတယ်။ ကျေးဇူးကြီးပါပေ့ ရုက္ခစိုးရယ်။ ရုက္ခစိုးကတော့ကျွန်တော့်ကို ကြည့်ပြီး အသံထွက်အောင်ကိုအော်ရယ်နေပါတယ်။ ကျွန်တော့်ရင်ထဲမှာ တံခါးတစ်ချပ်တော့ ပွင့်သွားပြီထင်တယ်။ မိုးကြယ် ရေးတာ ZiP ဟုတ်ဖူး --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
