လူတယောက်သည် စကားပြောတတ်သော ကြက်တူရွေး အမတကောင် ဝယ်လိုက်ရာ ထိုကြက်တူရွေးမှာ စကားပြောရာ၌ အမြဲတမ်း ဆဲဆို၍ ပြောနေသဖြင့် စိတ်ပျက်လက်လျက် ရှိလေသည်။ သိုနှင့် သူငယ်ချင်း တယောက်က ထို ကြက်တူရွေးအမကလေးကို ယဉ်ကျေးဖွယ်ရာ စကားများ တပတ်အတွင်း ပြောတတ်အောင် စီစဉ် ထားကြောင်း ပြောပြသည်။
သူ့တွင် ကြက်တူရွေး အထီးနှစ်ကောင် ရှိကြောင်း၊ ထိုနှစ်ကောင်မှာ တကောင်က ဘုရားရှိခိုးတတ်ကြောင်း၊ ကျန်တကောင်မှာ ခြေသည်းကြားတွင် ပုတီးကို ထားပြီး နှုတ်မှလည်း မယ်တော်မာရိယာ ဟာ ရေရွှတ်ကာ ပုတီးစိတ်တတ်ကြောင်း ပြောပြသည်။ ကြက်တူရွေး အမကလေးကို ဝယ်ထားသူလည်း ဝမ်းသာအားရနှင့် ပြန်ပြောလေသည်။ 'ဝမ်းသာလိုက်တာကွာ၊ ငါ့ကြက်တူရွေူးကလေး ခေါ်လာခဲ့ပြိး မင်း ကြက်တူရွေးတွေနှင့် ရက်အတော်ကြာကြာထားလိုက်တာပေါ့ကွာ၊ ဒါမှ ငါ့ကြက်တူရွေးကလေးလဲ မင်း ကြက်တူရွေးတွေလို အကျင့်ကောင်း တတ်လာပြီး အပြော အဆို ယဉ်ကျေးလာလိမ့်မယ်' ထိုနောက် ကြက်တူရွေး အမကလေးကို ယူ၍ သူငယ်ချင်း အိမ်ကို သွားလေသည်။ ရောက်သောအခါ ကြက်တူရွေး နှစ်ကောင်အနီးတွင် ထားလိုက်သည်။ ထိုအခါ အထီးတကောင်က ကျန်တကောင်ကို ပြောလိုက်သည်။ 'ဟေ့ကောင် မင်းပုတီးစိတ်တာ ရပ်လိုက်တော့၊ တို့ ဘုရားသခင်ဆီမှာ ဆုတောင်းနေတာ အခုပြည့်ပြီကွ' --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
