ချစ်သူဆိုတာ....... မိန်းကလေးချစ်သူဆိုတာ...... ၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ ၂) ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမယ့် "ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား"လို့ လိုက်မေးတတ်သူ ၃) လမ်းဖြတ်ကူးတဲ့ အချိန် ချစ်သူရဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ ၄) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ ၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုတ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ ၆) အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေး ချင်တဲ့သူ ၇) ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရ အောင်လုပ်သူ ၈) ချစ်သူကို တစ်နေ့ မမြင်ရရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ ၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့ အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ် ၀မ်းနည်းမှုတွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ
ယောက်ျားလေးချစ်သူဆိုတာ....... ၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ ၂) သူ့လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ ၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ ၄) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ ၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာ ကိုယ်ပါလို့ ပြောသူ ၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်တတ်သူ ၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ ၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မေ့တတ်သူ ၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ ၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ ချစ်နိုင်ကြပါစေ...း) --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
