<http://www.blogger.com/post-edit.g?blogID=26255090&postID=8915587724064384526>
ဥာဏ်စမ်း <http://nineninesanay.blogspot.com/2008/05/blog-post_3169.html> ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။ မေးခွန်းက အကယ်၍ ၁= ၅ ၂= ၂၅ ၃= ၁၂၅ ၄= ၆၂၅ ၅= ? လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ဥာဏ်စမ်း <http://nineninesanay.blogspot.com/2007/12/blog-post_15.html> ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။ ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။ ၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။ စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ? က) ၀ လုံး ခ) ၁၅ လုံး ဂ) ၂၀ လုံး ဃ) ၂၁ လုံး င) ၂၂ လုံး အားလုံး ဖြေကြည့်ကြပါနော်။ လူတော်တွေပဲဆိုတာ သိပါတယ်။ပျော်ပျော်ပါးပါး အပျင်းပြေပေါ့...း) Answer...?????? ဥာဏ်စမ်း <http://nineninesanay.blogspot.com/2007/06/blog-post_12.html> တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။ အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ? ၀ါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။ +++++++++++++++++++++++++ စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူး တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း) Answer 1. ၁= ၅ ဆိုတော့ အဖြေက ၅ = ၁ ပါတဲ့ လွယ်လွန်းတဲ့အတွက် လူကိုဒွိဟဖြစ်စေတဲ့ မေးခွန်းလေးပါ။ ၀င်ဖြေသူများ ကျေးဇူးတင်ပါတယ်.. ဟားဗတ်သွားကြရအောင်... Answer 2. ဘင်းဂို...... အဖြေက (၂၂)လုံး ဖြစ်ပါတယ်။ ၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က = ၁၅ လုံး အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....= ၅လုံး ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = ၁လုံး ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် ၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း) အလုံး(၂၀) ဖြေသူတွေ၊ (၂၁)လုံး ဖြေသူတွေလဲ မှန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သွားက ပိုးစားနေလို့ လျှော့စားလိုက်တာတဲ့း) အခွံကို လွှင့်မပစ်ဘဲ ပြန်လဲစားကြတဲ့အတွက် အားလုံးက လူတော်တွေပါပဲ။ ၀င်ရောက်ဖြေဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်နောက် လူချင်းကြုံခဲ့ရင် ချိုချဉ်လေးတွေ ကျွေးပါ့မယ်း) Answer 3. ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။ -- ☻☺ ZiP ☺☻ ►►> ZiPpY GiPsY <◄◄ ♠♥♦♣ [EMAIL PROTECTED] ♣♦♥♠ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
