တစ်ခါ တစ်လေမှာ လူတွေဟာ ပေါက်တတ်ကရတွေတွေးတတ် ကြပါတယ် ။ အားအားယားယား အလုပ် မရှိတွေးနေကြတာပါ ။ အဲဒီလို ပေါက်တတ်ကရတွေတွေးနေလို့လဲ မဖြစ်သင့်တာတွေဖြစ်လာ တာပေါ့ ။ ခွေးတွေ ၊ ၀က်တွေက ဆာလာရင် စားစရာကို လိုက်ရှာ၊ အနံ့ခံပြီး ရှာစားကြပါတယ် ။ လူတွေကတော့ ဆာလာရင် လိုက်ပြီး အနံ့မခံပါဘူး ၊ ရှာတော့ရှာပါတယ် ။ *ဥပမာ ။ ဒီနေ့ဘယ်အိမ်မှာ* *အလှူလုပ်သလဲ?* ။ ဒါမှမဟုတ် ချက်စား ၊ ဆိုင်မှာဝယ်စားကြပါတယ် ။ အဲဒီအထိအေးဆေးပါ ။ အဲ….ဗိုက်ဝ လာတော့ စတွေးပါတယ် ။ ပြဿနာက အဲဒီမှာစတာပါ ။လူတွေဟာ ဗိုက်ဝလာရင် ပြဿနာ ရှာ တတ်ပါတယ် ။ *အာဒ**ံ *နဲ့ * ဧ၀* ကိုပဲကြည့်လေ *ပန်းသီး *မစားခင်တုန်းက ဘာဖြစ်လို့လဲ ။ အေးဆေးပဲလေ ။ အဲ ဗိုက်လည်းတင်းလာရော ၊ *ဇရက်မင်း စည်းစိမ်ကွ* ဆိုပြီး နဖူးပေါ်လက်တင်ပြီး စတွေးတော့တာပါပဲ
ဒီနေ့ ဟင်းချက်ရတာ ပင်းပန်းလိုက်တာ ၊ ထမင်းဆိုင်က ဟင်းကြီးကလည်း ဆားပေါ့လိုက်တာ ဘာညာ ပေါ့ ။ မိန်းမရှိရင်ကောင်းမှာပဲ *…** အဲ ပြဿနာက အဲလို။* တစ်ခုရပြီးရင် မကျေနပ်ပဲ ဆက်..ဆက်..ပြီး တွေးသွားကြတာလေ ။ တခြားဘယ် သတ္တ၀ါကမှ အဲလောက်မတွေးပါဘူး ။ အဲဒါကြောင့်လဲ မာနကြီး နေကြတာပေါ့ ။ အဲလို လိုရာကိုဆွဲတွေးပြီး တော့ ခေါင်းစဉ်ပါတပ်လိုက်သေးတယ် *'**အချစ်**'** *တဲ့။ တော် တော်ပေါက်ပေါက်ရှာရှာ တွေးတဲ့လူတွေဗျာ ။ အဟေးဟေး ကျုပ်လဲလူပါပဲ ။ အဲလို အစဆွဲထုတ်ရာ ကို လိုက်သွားကြရင်းနဲ့ *'** ရှင်က ကျမ ကိုချစ်လို့လား**'** **'** ချစ်ပါတယ်**'* ဆိုပြီး အုန်းခြစ်ကြီး ကိုင်ပြလို့လဲမရ ။ *'**ကျမကို ချစ်ရင် အင်္ကျီဝယ်ပေး *' ဆိုတော့ *'** ငါလည်း ဒါပဲဝတ်တာ**'** *ဆိုပြီး စွပ်ကျယ်ဝယ်ပေးလို့ ကလဲ မဖြစ် ။အဲဒါကြောင့်ပြောတာ ပေါက်တတ်ကရတွေ မတွေးပါနဲ့လို့ ။ အဲဒီလို အစဆွဲထုတ်ပြီး ပေါက်တတ်ကရတွေတွေးတော့ …ကဲ ။ ဥပမာ* နယူတန် *ဆိုတဲ့သိပ်ပံ ပညာ ရှင်ကိုပဲကြည့် ။ ပန်းသီးတစ်လုံးပြုတ်ကျလာတာကို သူကဗိုက်ဝနေတော့ ပေါက်ကရတွေ တွေးပါလေ ရော ။ ဆာနေတဲ့လူသာဆို စားလိုက်မှာပေါ့ ။ နောက်ပြီး အမှန်ဆိုသူတွေးသင့်တာက ဒီနေ့ပန်းသီး ပေါက်ဈေး ဘယ်လောက်လဲ ။ ဒီပန်းသီးတွေခူးပြီး ဈေးမှာသာ ချရောင်းလိုက်ရ ၊ အရင်းမစိုက်ပဲ အမြတ်ကြီးပါပဲလား ဘာညာပေါ့ ။ ဒါမှမဟုတ် ငါဒီအပင်အောက်လာထိုင်တာကို အပင်စောင့်ရုက္ခစိုး ကမကြိုက်လို့လား ။ *အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ ၊ ကျွန်တော့် မိန်းမကိုပဲ အတည်ယူပါ ၊ ကျွန်တော့်မှာ နောက်စမောလေး တွေ့နေပါပြီ ..ဘာညာပေါ့**…**။* ဒါမှမဟုတ် ပန်းသီး ဆိုတော့ ကြာသပတေး၊သောကြာ ၅၆ ကျလာတာက တနင်္လာဆိုတော့ ၂ အဲဒီတော့ ၅၆၂ ဆိုပြီး နီးရာဒိုင်ဆီပြေး ရှိသမျှလေးအောပြီး ရင်ခုန်နေပေါ့ ။ ပေါက်ရင်တော့ စည်ဘီယာ ဆိုင်ထိုင်မယ် ၊ ပန်းကုံးစွပ်မယ် ၊ နိုက်ကလပ်တက်မယ် ၊ *501* ၀ယ်ဝတ်မယ်၊ *Dr.Martin* ၀ယ်စီးမယ် ပေါ့ ။ အခုတော့ မဟုတ်ပါဘူး ။ ကမ္ဘာကြီးနဲ့ ပန်းသီးပင်က အပြိုင်လွန်ဆွဲရင်း ကမ္ဘာကြီးကပဲ အတွင်း အားကောင်းလို့ နိုင်သွားသလိုလို။ ပြီးတော့ သူကတွေးရုံတင်မက လျှောက်ပြောသွားတော့ အခုနောက် လူတွေ ကဒုက္ခရောက်ရတာပေါ့ *။**"**ဖိ**" *ပြီး* "****စစ်**"*တဲ့ အဲဒီ* "**ဖိစစ်**"* ဆိုတာကြီး မှာ*နယူတန်* ရဲ့ *'**ဖက်လော**'** **'**စခန်းလော**'** **'** သတ်လော**'* တွေသင်ပြီဆို ကျောင်းသားတွေက သူ့ကိုကြိတ်ပြီး စိတ်ဆိုးနေကြတာ သူကတော့ မသိပါဘူး ။* **'**ပန်းသီးတစ်လုံး အရင်းသုံး၍ ဂရာဗေတေရှင်နယ်ဖို့စ် ကြပါစို့ **'***ဆိုပြီးတောင် အော်ချင်အော်နေမှာ ။ နောက်ရှိပါသေးတယ်* အက်ဒီဆင်* ဆိုတဲ့လူ ၊ သူ့ဟာသူ ဘာဆင်ပဲဖြစ်ဖြစ်ပေါ့ ။ သူကမီးလုံးတွေ မီး ချောင်းတွေ တွေးပြီးတီထွင်ခဲ့တာ ၊ *နယူတန် *လောက်တော့ မဆိုးဘူးပေါ့ ။ ဘောလုံးပွဲလေးဘာလေး ကြည့်ရင်တော့ ကျေးဇူးအတင်သား ။ ဒါပေမယ့် ဗျာ ညကိုးနာရီ ချိန်းထားတဲ့ သမီးရည်းစားနှစ်ယောက်ကိုမေးကြည့် *အက်ဒီဆင် *ရဲ့မီးသီးလိုလား ?လို့ ကောင်မလေးကပြောမှာပေါ့ "*ခုနေ အနားမှာရှိရင် ပါးဆွဲ ရိုက်ပစ်မှာ"*** လို့ ။ အဲဒီလိုဗျ ။ အမြဲ မကောင်းဘူး ။ ယောက္ခမကြီး ကိုရီးယား ကားကြည့်နေတုန်း *အက်ဒီဆင် *မလိုပါဘူးဗျာ ။ အလုပ်ကည ၈နာရီပြန်လာတဲ့ လူတစ်ယောက် ၊ ကားမှတ်တိုင်ကနေ အိမ်ကို ၁၅ မိနစ်လောက် လျှောက်ရဦးမှာ၊ ကျန်းမာရေကလဲပေါ်လာပြီ ။ ပတ်ဝန်းကျင်ကိုလည်း အားနာ ရှက်ကလည်းရှက် ၊ *အင်ဒီဆင် *ကြီးကလည်းရှိနေတော့ သူ့ခမျာ ကွတတ ကြီးနဲ့ပဲ အိမ်ကို မအီမလည်ကြီးပြန်ခဲ့ ရပါလေရော ။ ခင်ဗျားဆိုရင်ကော အဲဒီလူနေရာမှာ အဲဒီ *အက်ဒီဆင်*ဆိုတဲ့လူကြီးကို ကျေးဇူးတင်မှာလား ? ။*ကဲ အဲဒါကြောင့်ပြောတာ ၊ ပေါက်ကရတွေ မတွေးပါနဲ့လို့ * -- ☻☺ ZiP ☺☻ ►►> ZiPpY GiPsY <◄◄ ♠♥♦♣ [EMAIL PROTECTED] ♣♦♥♠ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
