သတင်းအချက်အလက် အသစ်တွေ၊ နည်းပညာ အသစ်တွေကို လေ့လာချဉ်းကပ်တဲ့ ပုံစံတွေ
တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ ကိုယ်သန်ရာသန်ရာ နည်းလမ်းတွေ ရှိကြပါတယ်။
တစ်ချို့လူတွေမှာ သူများနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ မှတ်သားကြတယ်။
ကိုယ်ဦးနှောက်က ဘယ်လို မှတ်သားတဲ့နည်းနဲ့မှတ်ရင် ပို ရလွယ်လဲလို့
သိထားမယ်ဆိုရင် ကျောင်းသား တွေစာမြန်မြန်ရမယ်။မိဘ ဆရာတွေကလဲ ဘယ်လို
သင်ကြားမှုမျိုးက ကိုယ့်ကလေးနဲ့ ကိုက်ညီတယ် ဆိုတာ သိကြမှာ ပါ်။

ငယ်ငယ်ကဆို စာကျက်ရင် အတိုကောက်လေးတွေ မှတ်ကျက်တတ်တဲ့ အကျင့်ရှိပါတယ်။
မြန်မာ့ သမိုင်းခေတ်အဆက်ဆက်ကို မှတ်တဲ့ နေရာမှာ "ပု၊ပင်း၊အင်း၊တောင၊
်ညောင်ရမ်း နောင် ကုန်းဘောင်၊ကိုလိုနီ "လို့ မှတ်ပါတယ်။ ပုဂံ၊ ပင်းယ၊
အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလို နီခေတ်ဆိုတာ အလိုလို
အရှည် ဖြန့် လို့ ရပါတယ်။ ဇာတ်တော် ကြီး ၁၀ ဘွဲ့ ဆိုရင်လည်း "တေ၊ ဇ၊ သူ၊
နေ ၊ မိ၊ ဘူ၊ စန်ဒါ၊ ၀ိ၊ ဝေ "လိုံ့မှတ်သလို ခုနှစ်တန်းတုန်းက စိန်ထွက်တဲ
့နိုင်ငံတွေ သင်ရတုန်းကလ"ဲ ယ၊ရာ၊ အာ၊သြ၊ ဘို၊ မေ၊ဆို "(အိန္ဒိယ၊ ဘရာဇီး၊
အာဖရိက၊ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက် ယူနီယံ ) ကာရံပါတဲ
့စာကြောင်းအတိုလေးတွေကို ၂၀ ခေါက်လောက် ရွတ်တာနဲ့ တစ်သက်လုံး
မမေ့တော့ပါဘူး။ဒီလို နဲ့ မှတ်လာလိုက်တာ ငယ်ငယ်က သင်တဲ့ စာတော်တော်
များများ ခုထိ မှတ်မိပါတယ်။

ဒါပေမယ့် ဒီနည်းလမ်းဟာ လူတိုင်းနဲ့ မကိုက်ပါဘူး။ ကိုယ်က ကဗျာတွေ ကာရံတွေ
ကိုအားသန်လို့ သာ မှတ်ရလွယ်နေတာ။အငယ်တွေကို ပြန်သင်ပေးတော့ အဲ့လိုတွေ
သူတို့ မမှတ်တတ်ပါဘူး။ တစ်ချို့ အတွက်လဲ ကိုက်ပါတယ်။ ဒါက ဘာကြောင့်လဲ
ဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် အချက်အလက်အသစ် တစ်ခုကို ချဉ်းကပ်ပုံ
မတူညီ ကြလို့ ပါ။ တစ်ချို့ က အမြင်အာရုံ visualမှာ အားသန်တယ်။ တစ်ချို့ က
အကြားအာရုံ auditory မှာ အားသန်တယ်။ တစ်ချို့ က လှုပ်ရှားမှု tactile/
kinestheticတွေမှာ အားသန်ပါတယ်။ ဥပမာ- Highlight pen တွေစခေတ်စားတုန်းက
မှတ်လိုက်ကြတာ စာအုပ်မှာ အရောင်ကို စုံနေတာပါပဲ။ ကိုယ်က အမြင်အာရုံမှာ
အားမသန်တော့ ဘာမှ သိပ် မထူးပါဘူး။ကိုယ့်မှတ်ဥာဏ်က ဘယ်အရာ မှာ အားသန်လဲ
သိရအောင် အောက်ပါမေးခွန်းလေးတွေ ဖြေနိုင်ပါတယ်။ ထုံးစံအတိုင်း
မေးခွန်းတစ်ခု အတွက် အဖြေတစ်ခုကို ရွေးရမှာပါ။ အချိန်နည်းနည်းလေးပဲ ပေးရ
ပေမယ့် ကိုယ့်အတွက် သိပ်တန်ဖိုးရှိသွားနိုင်ပါတယ်။ အခုအချိန်မရလဲ
အချိန်ရမှ ဖြေလို့ ရပါတယ်။ ကျော်ခွပြီးဖတ်သွားလဲ ရပါတယ်။

၁။ တစ်ခုခု ကို အာရုံ စိုက်ဖို့ ကြိုးစားတဲ့ အခါ

(A)ပတ်ဝန်းကျင်မှာ တစ်ခုခု လှုပ်လှုပ်ရှားရှား ဖြစ်နေရင် အာရုံ ပျက်တယ်။
သူများတွေ သတိမထားမိတာတွေ
မြင်တတ်တယ်။
 (B) အသံတွေ ဆူညံရင် အာရုံပျက်တယ်။ အာရုံ စူးစိုက်ဖို
ပတ်ဝန်းကျင်က့အသံတွေ၊ အသံ အမျိုးအစားတွေကို တတ်နိုင်သမျှ
လျော့ချတယ်။
(C) ရုတ်တရပ် အော်သံတွေ၊ အခြေအနေ တွေကို ပျက်ပြားသွားစေတဲ့ အဖြစ်အပျက်တွေ
ကြောင့် အာရုံ ပျက်တယ်
၂။ တစ်ခုခု ကို မြင်ယောင်ကြည့်တဲ
့အခါ
(A) အတွေးထဲ မှာ ပုံ ရိပ်တွေကို ထင်ထင်ရှားရှား အသေးစိတ်မြင်တယ်
(ဓာတ်ပုံတွေလို)
(B) အသံတွေကို
ကြားယောင်တယ်
(C) အတွေးထဲ မှာ ပုံ ရိပ်တွေ က လှုပ်ရှားနေတယ် (ရုပ်ရှင်လို)
၃။ အခြားသူတွေနဲ
့စကားပြောရင်
 (A )ကိုယ်ကအကြာကြီး နားထောင်နေဖို
့ခက်တယ်
 (B) နားထောင်ရတာ ကြိုက်တယ်။ ကိုယ်ကိုယ်တိုင်ပြောဖို့ စိတ်မ၇ှည်
ဘူး
(C )ကိုယ်အမူအရာ နဲ့ လက်ဟန်ခြေဟန် များများ သုံးပြီး ပြောလေ့ ရှိတယ်
၎။ လူတွေ နဲ့ ဆက်သွယ်တဲ
့အခါ
(A )မျက်နှာ ချင်းဆိုင် တွေ့ ဆုံ ရတာ ပို
ကြိုက်တယ်
( B )တစ်ခုခု ပြင်းပြင်းထန်ထန် ဆွေးနွေး ပြောဆိုရမယ် ဆို ဖုန်းနဲ
့ပြောရတာ ပိုကြိုက်တယ်
( C) လမ်းလျောက်ရင်း စကားပြောရတာတို့ ။ အခန်းအနား၊ ပွဲ တစ်ခုခု မှာတွေ
့လို့ ပြောရဆိုရတာ ပိုကြိုက်တယ်
၅။ အရင်က တစ်ခါ နှစ်ခါပဲ မြင်ဖူးတဲ့ လူစိမ်းတွေ နဲ့ တွေ့ တဲ့ အခါ (သို
့)သိပ် မရင်းနှီးတဲ့ သူတွေ နဲ့ တွေ့
ရင်
(A) ရုပ်ကို မှတ်မိတယ်။ နာမည်ကို မေ့နေတတ်တယ်။ သူ့ ကို ဘယ်နေရာ မှာ
မြင်ဖူးပါလိမ့်လို
့စဉ်းစားနေတတ်တယ်။
( B) နာမည်ကို မှတ်မိတယ်။ အရင်တခါ တွေ့ တော့ ဘာတွေ ပြောဖြစ်ကြလဲ ဆိုတာ
မှတ်မိတယ်။
(C )အရင်က သူနဲ့  တွေ့ ခဲ့တာကို မှတ်မိတယ်။ အဲ့ ဒီ အချိန်တွေက
ခံစားချက်ကို ခုပြန်ခံစားလို့ ရတယ်။
၆။ စိတ်လက် အပန်းဖြေတဲ
့အခါ
(A) TV ကြည့်တယ်။ ပြဇာတ်ကြည့်တယ်။ ပြပွဲတွေ Show ပွဲတွေ သွားတယ်။ရုပ်ရှင်
သွားကြည့်တယ်
( B) သီချင်းနားထောင်တယ်။ တူရိယာ တစ်ခုခု တီးတယ်။ စာဖတ်တယ်။
သူငယ်ချင်းတွေ နဲ့ စကားပြောတယ်
(C )အားကစားလုပ်တယ်။ လက်မှု ပစ္စည်းတစ်ခုခု ကို ကိုယ်တိုင်လုပ်တယ်။
၇။ စာဖတ်တဲ
့အခါ
(A) ဥပမာလေးတွေ နဲ့ ဖော်ပြတာ ကြိုက်တယ်။ စာဖတ်နေတုန်း ခဏနားပြီး စာထဲက
အကြောင်းတွေ မြင်ယောင်
ကြည့်နေတတ်တယ်
( B) ဇာတ်ကြောင်း ပြန်ပြောတဲ့ အရေးအသားမျိုး ကြိုက်တယ်။ ဇာတ်ကောင်တွေ
ပြောသမျှ ကို
ကြားယောင်နေတတ်တယ်
( C )စွန့် စားခန်းတွေ စုံထောက် ဇာတ်လမ်းတွေ လှုပ်ရှားမှု ကို
ဦးစားပေးတဲ့  စာတွေ ကြိုက်တယ်။ ဒါပေမယ့် စာဖတ်ရတာ သိပ်ဝါသနာ မပါဘူး။
၈။ စကားလုံးတွေ ကို စာလုံးပေါင်းတဲ့ အခါ  (English
words)
(A )စာလုံးကို စိတ်မှာ မြင်တယ်။ ရေးလိုက်ရင် ဘယ်လို ပုံစံလဲ ဆိုတာ လဲ
မြင်တယ်
(B) စာလုံးပေါင်းကို နှုတ်ကနေ ရွတ်ကြည့်တယ်။ ဘာပြီးရင် ဘာလာ မလဲ ဆိုတာ
ပါးစပ်ကနေ ရွတ်ပြီး
စဉ်းစားတယ်။
 ( C) စကားလုံးကို ခံစားတယ် ။ချရေးကြည့်တယ်။ တစ်ခါတလေ typing ရိုက်သလို
လက်က စာလုံးပေါင်းကြည့်တယ်။
၉။ ကိုယ် မကျွမ်းကျင်တဲ့ အရာ တစ်ခုခု ကို အသစ်အဆန်းလုပ်ရတဲ
့အခါ
(A) သရုပ်ပြပုံတွေ၊ လမ်းညွှန်တဲ့ ပုံတွေ၊ ဇယားတွေကို
ရှာတယ်။
( B) တစ်စုံတစ်ယောက်ရဲ့ နှုတ်နဲ့ ညွှန်ကြားချက်ကို လိုအပ်တယ်။ ဒါမှ မဟုတ်
ဘာပြီးရင် ဘာလုပ်ရမလဲ ရေးထားတဲ
့လမ်းညွှန်လိုတယ်
(C) ကိုယ့်ဟာနဲ့ ကိုယ် ကြိုးစားယူတယ်။ ဒီနည်းနဲ့ မရ ရင်
နောင်တစ်နည်းပြောင်းလုပ်တယ်။
၁၀။ ပစ္စည်းတစ်ခုခု ကို ဖြုတ်၊တပ် ရတဲ
့အခါ
(A)ရုပ်ပုံတွေ အရင် ကြည့်တယ်။ ပြီးမှ ညွှန်ကြားချက်ကို ဖတ်တယ် (မဖတ်ချင်လဲ
မဖတ်ဘူး)
(B) ညွှန်ကြားချက်ကို ဖတ်ပြီး လုပ်တယ် ။ လုပ်နေတုန်းနှုတ်က နေလဲ
ရွတ်ကြည့်နေတတ်တယ်။
(C )ညွှန်ကြားချက်တွေ ဖတ်မနေဘူး။ ကိုယ်လုပ်နေတာပဲ မှန်အောင် ဆက်လုပ်တယ် ။
မရရင် လဲ ရအောင် ကြိုးစားလုပ်တယ်
၁၁။ သူတစ်ပါးရဲ့ စိတ်အခြေအနေကို အကဲခတ်တဲ
့အခါ
(A) သူ့ မျက်နှာ အမူအရာ ပြောင်းလဲ သွာုး့ကို
ကြည့်တယ်
(B) အသံအနှိပ် အမြင့် အသံအနေအထား ပြောင်းလဲ ပုံကို
နားထောင်တယ်။
(C) သူ့ ကိုယ် အမူအရာ လှုပ်ရှားမှုကို ကြည့်တယ်။
၁၂။ သူတပါးကို သင်ကြားပေးရတဲ
့အခါ
(A) ပုံတွေ ပြတယ်။ ဒါမှ မဟုတ် သူတို့ ကို မြင်လာအောင်
လုပ်တယ်။
(B) ရှင်းပြတယ်။ ရေးခိုင်းတယ် ။
မေးခွန်းမေးတယ်။
(C) အစကနေ အဆုံးလုပ်ပြတယ်။ ပြီးတော့ သူတို့ ကို လုပ်ခိုင်းတယ်
အမှတ်အများဆုံးရတဲ့ A or B or C က ကိုယ်အားသန်တဲ့  သင်ယူ ချဉ်းကပ်နည်း
ပုံစံပါ။ အမှတ်တူနေရင်လဲ နှစ်ခုလုံးမှာ အားသာတဲ့ သဘောပါပဲ။
Aအမှတ်များသူ= အမြင်အာရုံ အားသန်သူ visual
စာကျက်ရ ခက် နေရင် ဒါမှ မဟုတ် အချက်အလက်တွေ က နားမလညလောက်အောင်
ရှုပ်ထွေးနေရင် ဖြေးဖြေးချင်း ဖတ်ပြီး ရုပ်ပုံလေးတွေ၊ ဇယားကွက်လေးတွေ
လုပ်ပြီး မှတ်ပါ။ ပုံနဲ့  စာတွဲပြီး မျက်လုံးထဲ မြင်လာအောင် လုပ်ပါ။
ရုပ်ရှင် ပြသလို စိတ်ထဲ မှာ မြင်ယောင်ကြည့်ပြီး အကြောင်းအရာ များကို
မှတ်သားပါ။


Bအမှတ်များသူ= အကြားအာရုံ အားသန်သူ auditory
ကိုယ်ဖတ်လိုက်တဲ့ အသံကို အာရုံစိုက်ပါ။ ကိုယ့်အသံကို နားထောင်ပါ။ တခါတလေ
စာတွေက သိပ်ခက်နေရင် စာနဲ့ ကိုယ်နဲ့ အပြန်အလှန် ဆွေးနွေးတဲ့  ပုံစံ
လေ့လာပြီးမှတ်ပါ။ အသံထွက် စာဖတ်ဖို့ မရှက်ပါနဲ့ 


C အမှတ်များသူ=  လှုပ်ရှားမှုကို အားသန်သူ tactile/kinesthetic
အရေးကြီးတဲ့ အဓိက အချက်အလက်တွေကို ထင်ထင်ရှားရှား ဖြစ်အောင် highlighter
pen ဒါမှ မဟုတ် ခဲတံလေးတွေနဲ့  မှတ်ပါ။ မျဉ်းတားပါ။ မှတ်စုတို လေးတွေ
ထုတ်ပါ။ မျဉ်းကြောင်းဘေးမှာ or ကွန်ပျူတာမှာ or ၊ အခြားမှတ်စု စာအုပ် မှာ
ပြန်မှတ်ပါ။ စိတ်ထဲက ပေါ်လာ သမျှ လက်က လိုက်ပုံစံလိုက်ချပါ။ စာဖတ်နေတုန်း
လမ်းလျောက်ပါ။ လှုပ်ရှားမှု တစ်ခုခု နဲ့  အချက်အလက်တွေကို ခံစားပါ။
ပုံဖော်ပါ။


ဒီလောက်ဆိုရင် သူများစာမှတ်တဲ့ နည်းနဲ့ လိုက်မှတ်တာ ကိုယ်ကျတော့
သိပ်မရတာဘာကြောင့်လဲ ဆိုတာ သိလောက်ပါပြီ။ ကိုယ် အားသန်တဲ့ ပုံစံကို သိရင်
ကိုယ့်ခေါင်းထဲ မြန်မြန် ၀င်တဲ့ နည်းကို သိမှာပါ။ ဆရာတွေက လဲ ကိုယ်
ရှင်းပြတာ သိပ်ကောင်းတယ် ထင်ပေမယ့် တချို့ တပည့်တွေ ဘာလို့ နားမလည်ကြလဲ
သိရမှာပါ။ အတန်းတစ်တန်းမှာ တပည့်တွေ အများကြီးရှိပါတယ်။ သူတို့ တွေ ထဲမှာ
အားသန်တဲ့ မှတ်ယူပုံတွေ မတူကြပါဘူး။ အတင်းအကျပ် ပုံစံတစ်ခုတည်းကို
ပုံသွင်းတာ မျိုးထက် တစ်မျိုးမှာ နားမလည်ရင် နည်းအမျိုးမျိုးနဲ
့ရှင်းပြရမှာပါ။ ဒါကြောင့်စာသင်ကောင်းတဲ့ ဆရာတွေဟာ ပုံစံအမျိုးမျိုးနဲ
့သင်တတ်ကြပါတယ်။ တပည့်တွေကလဲ ဒီပုံစံမျိုးနဲ့ မှတ်လို့ အဆင်မပြေရင်
အချိန်တွေ အရမ်းကုန်နေရင်၊ ပျင်းသွားရင် နောက် တစ်နည်းနဲ့ မှတ်ရပါတယ်။
ဒီမေးခွန်းတွေက တကယ်အကျိုးရှိတယ် ထင်ရင် ကျင့်သုံး ကြည့်ပါ။ မေးခွန်းတွေ
မဖြေနိုင်လောက်အောင် ငယ်ရွယ်တဲ့ ကလေးတွေဆို အုပ်ထိန်းသူ၊ ဆရာတွေ က သူတို
့ရဲ့ အပြုအမူတွေ ၊ ပတ်ဝန်းကျင်ပေါ် တုန့်ပြန်တတ်တဲ့ စရိုက်လေးတွေ
ကြည့်ပြီး ဒီကလေးတော့ ဘယ်လို ပုံစံ သင်ကြားမှု မျိုးနဲ့ ကိုက်ညီတယ် ဆိုတာ
သိအောင် လုပ်ရပါတယ်။ သူ့ ခေါင်းထဲ မ၀င်နိုင်တဲ့ ပုံစံမျိုးကို အတင်းအကြပ်
မချရပါဘူး။ "သင်ရတာ အာပေါက်တော့မယ်။ ဒါလေးတောင် နားမလည်ဘူးလား" လို့ လဲ
မပြောရပါဘူး။ အာပေါက်တယ် ဆိုတာ အသံနဲ့ ပဲ သင်လို့ ထင်ပါတယ်။ တစ်ခြားပုံစံ
အမျိုးမျိုး ပြောင်းသင်ရင်တော့ ထူးခြားလာမှာပါ။ ဒီခုခေတ်မျိုးဆက်တွေ
စာသိပ် မတတ်ဘူးထင်ရင် ခုကျောင်းနေအရွယ် ကလေးတွေကို ပျိုးထောင်ပေးပါ။
အနာဂါတ်ကို လူငယ်တွေကပဲ ဦးဆောင်ရမှာပါ။ နောင် ပွင့်မယ့် ပန်းလေးတွေအတွက်
ကိုယ်တတ်နိုင် သလောက် အမြင်ရှိရှိနဲ့ နိုင်ငံကြီးသားပီသအောင်၊
မျိုးချစ်စိတ်ရှိအောင်၊ တာဝန်ယူတတ်အောင်၊ အောက်ကျနောက်ကျ မခံတတ်တဲ
့စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးအောင် လူကြီးတွေက ပဲ ပျိုးထောင်ပေးရမှာပါ။
အတွေးမှားကြီးတွေ မပေးဖို့ လဲ လိုသေးတယ်။ ကိုယ်ထူကိုယ်ထ ခေတ်မှာ
ဘယ်စနစ်ကို မှ အားကိုးမရတဲ့ အဆုံးတော့ ကိုယ့် အားကိုယ်ကိုးကြရမှာပါ။
စာကြွင်း။      ။ အဖြေများကို ပေးရန် မလိုပါ။ စာရှည်ကြီးကို စိတ်ရှည်ရှည်
ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to