aphwe ka pay ya mhar pe! ngar ka sar tar ko tan tar bar! jan tar ka tot ti tot bu! :P hehe
On Aug 28, 10:37 pm, ZiPpY <[EMAIL PROTECTED]> wrote: > သတင်းအချက်အလက် အသစ်တွေ၊ နည်းပညာ အသစ်တွေကို လေ့လာချဉ်းကပ်တဲ့ ပုံစံတွေ > တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ ကိုယ်သန်ရာသန်ရာ နည်းလမ်းတွေ ရှိကြပါတယ်။ > တစ်ချို့လူတွေမှာ သူများနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ မှတ်သားကြတယ်။ > ကိုယ်ဦးနှောက်က ဘယ်လို မှတ်သားတဲ့နည်းနဲ့မှတ်ရင် ပို ရလွယ်လဲလို့ > သိထားမယ်ဆိုရင် ကျောင်းသား တွေစာမြန်မြန်ရမယ်။မိဘ ဆရာတွေကလဲ ဘယ်လို > သင်ကြားမှုမျိုးက ကိုယ့်ကလေးနဲ့ ကိုက်ညီတယ် ဆိုတာ သိကြမှာ ပါ်။ > > ငယ်ငယ်ကဆို စာကျက်ရင် အတိုကောက်လေးတွေ မှတ်ကျက်တတ်တဲ့ အကျင့်ရှိပါတယ်။ > မြန်မာ့ သမိုင်းခေတ်အဆက်ဆက်ကို မှတ်တဲ့ နေရာမှာ "ပု၊ပင်း၊အင်း၊တောင၊ >်ညောင်ရမ်း နောင် ကုန်းဘောင်၊ကိုလိုနီ "လို့ မှတ်ပါတယ်။ ပုဂံ၊ ပင်းယ၊ > အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလို နီခေတ်ဆိုတာ အလိုလို > အရှည် ဖြန့် လို့ ရပါတယ်။ ဇာတ်တော် ကြီး ၁၀ ဘွဲ့ ဆိုရင်လည်း "တေ၊ ဇ၊ သူ၊ > နေ ၊ မိ၊ ဘူ၊ စန်ဒါ၊ ၀ိ၊ ဝေ "လိုံ့မှတ်သလို ခုနှစ်တန်းတုန်းက စိန်ထွက်တဲ >့ နိုင်ငံတွေ သင်ရတုန်းကလ"ဲ ယ၊ရာ၊ အာ၊သြ၊ ဘို၊ မေ၊ဆို "(အိန္ဒိယ၊ ဘရာဇီး၊ > အာဖရိက၊ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက် ယူနီယံ ) ကာရံပါတဲ >့ စာကြောင်းအတိုလေးတွေကို ၂၀ ခေါက်လောက် ရွတ်တာနဲ့ တစ်သက်လုံး > မမေ့တော့ပါဘူး။ဒီလို နဲ့ မှတ်လာလိုက်တာ ငယ်ငယ်က သင်တဲ့ စာတော်တော် > များများ ခုထိ မှတ်မိပါတယ်။ > > ဒါပေမယ့် ဒီနည်းလမ်းဟာ လူတိုင်းနဲ့ မကိုက်ပါဘူး။ ကိုယ်က ကဗျာတွေ ကာရံတွေ > ကိုအားသန်လို့ သာ မှတ်ရလွယ်နေတာ။အငယ်တွေကို ပြန်သင်ပေးတော့ အဲ့လိုတွေ > သူတို့ မမှတ်တတ်ပါဘူး။ တစ်ချို့ အတွက်လဲ ကိုက်ပါတယ်။ ဒါက ဘာကြောင့်လဲ > ဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် အချက်အလက်အသစ် တစ်ခုကို ချဉ်းကပ်ပုံ > မတူညီ ကြလို့ ပါ။ တစ်ချို့ က အမြင်အာရုံ visualမှာ အားသန်တယ်။ တစ်ချို့ က > အကြားအာရုံ auditory မှာ အားသန်တယ်။ တစ်ချို့ က လှုပ်ရှားမှု tactile/ > kinestheticတွေမှာ အားသန်ပါတယ်။ ဥပမာ- Highlight pen တွေစခေတ်စားတုန်းက > မှတ်လိုက်ကြတာ စာအုပ်မှာ အရောင်ကို စုံနေတာပါပဲ။ ကိုယ်က အမြင်အာရုံမှာ > အားမသန်တော့ ဘာမှ သိပ် မထူးပါဘူး။ကိုယ့်မှတ်ဥာဏ်က ဘယ်အရာ မှာ အားသန်လဲ > သိရအောင် အောက်ပါမေးခွန်းလေးတွေ ဖြေနိုင်ပါတယ်။ ထုံးစံအတိုင်း > မေးခွန်းတစ်ခု အတွက် အဖြေတစ်ခုကို ရွေးရမှာပါ။ အချိန်နည်းနည်းလေးပဲ ပေးရ > ပေမယ့် ကိုယ့်အတွက် သိပ်တန်ဖိုးရှိသွားနိုင်ပါတယ်။ အခုအချိန်မရလဲ > အချိန်ရမှ ဖြေလို့ ရပါတယ်။ ကျော်ခွပြီးဖတ်သွားလဲ ရပါတယ်။ > > ၁။ တစ်ခုခု ကို အာရုံ စိုက်ဖို့ ကြိုးစားတဲ့ အခါ > > (A)ပတ်ဝန်းကျင်မှာ တစ်ခုခု လှုပ်လှုပ်ရှားရှား ဖြစ်နေရင် အာရုံ ပျက်တယ်။ > သူများတွေ သတိမထားမိတာတွေ > မြင်တတ်တယ်။ > (B) အသံတွေ ဆူညံရင် အာရုံပျက်တယ်။ အာရုံ စူးစိုက်ဖို > ပတ်ဝန်းကျင်က့အသံတွေ၊ အသံ အမျိုးအစားတွေကို တတ်နိုင်သမျှ > လျော့ချတယ်။ > (C) ရုတ်တရပ် အော်သံတွေ၊ အခြေအနေ တွေကို ပျက်ပြားသွားစေတဲ့ အဖြစ်အပျက်တွေ > ကြောင့် အာရုံ ပျက်တယ် > ၂။ တစ်ခုခု ကို မြင်ယောင်ကြည့်တဲ >့ အခါ > (A) အတွေးထဲ မှာ ပုံ ရိပ်တွေကို ထင်ထင်ရှားရှား အသေးစိတ်မြင်တယ် > (ဓာတ်ပုံတွေလို) > (B) အသံတွေကို > ကြားယောင်တယ် > (C) အတွေးထဲ မှာ ပုံ ရိပ်တွေ က လှုပ်ရှားနေတယ် (ရုပ်ရှင်လို) > ၃။ အခြားသူတွေနဲ >့ စကားပြောရင် > (A )ကိုယ်ကအကြာကြီး နားထောင်နေဖို >့ ခက်တယ် > (B) နားထောင်ရတာ ကြိုက်တယ်။ ကိုယ်ကိုယ်တိုင်ပြောဖို့ စိတ်မ၇ှည် > ဘူး > (C )ကိုယ်အမူအရာ နဲ့ လက်ဟန်ခြေဟန် များများ သုံးပြီး ပြောလေ့ ရှိတယ် > ၄။ လူတွေ နဲ့ ဆက်သွယ်တဲ >့ အခါ > (A )မျက်နှာ ချင်းဆိုင် တွေ့ ဆုံ ရတာ ပို > ကြိုက်တယ် > ( B )တစ်ခုခု ပြင်းပြင်းထန်ထန် ဆွေးနွေး ပြောဆိုရမယ် ဆို ဖုန်းနဲ >့ ပြောရတာ ပိုကြိုက်တယ် > ( C) လမ်းလျောက်ရင်း စကားပြောရတာတို့ ။ အခန်းအနား၊ ပွဲ တစ်ခုခု မှာတွေ >့ လို့ ပြောရဆိုရတာ ပိုကြိုက်တယ် > ၅။ အရင်က တစ်ခါ နှစ်ခါပဲ မြင်ဖူးတဲ့ လူစိမ်းတွေ နဲ့ တွေ့ တဲ့ အခါ (သို >့ )သိပ် မရင်းနှီးတဲ့ သူတွေ နဲ့ တွေ့ > ရင် > (A) ရုပ်ကို မှတ်မိတယ်။ နာမည်ကို မေ့နေတတ်တယ်။ သူ့ ကို ဘယ်နေရာ မှာ > မြင်ဖူးပါလိမ့်လို >့ စဉ်းစားနေတတ်တယ်။ > ( B) နာမည်ကို မှတ်မိတယ်။ အရင်တခါ တွေ့ တော့ ဘာတွေ ပြောဖြစ်ကြလဲ ဆိုတာ > မှတ်မိတယ်။ > (C )အရင်က သူနဲ့  တွေ့ ခဲ့တာကို မှတ်မိတယ်။ အဲ့ ဒီ အချိန်တွေက > ခံစားချက်ကို ခုပြန်ခံစားလို့ ရတယ်။ > ၆။ စိတ်လက် အပန်းဖြေတဲ >့ အခါ > (A) TV ကြည့်တယ်။ ပြဇာတ်ကြည့်တယ်။ ပြပွဲတွေ Show ပွဲတွေ သွားတယ်။ရုပ်ရှင် > သွားကြည့်တယ် > ( B) သီချင်းနားထောင်တယ်။ တူရိယာ တစ်ခုခု တီးတယ်။ စာဖတ်တယ်။ > သူငယ်ချင်းတွေ နဲ့ စကားပြောတယ် > (C )အားကစားလုပ်တယ်။ လက်မှု ပစ္စည်းတစ်ခုခု ကို ကိုယ်တိုင်လုပ်တယ်။ > ၇။ စာဖတ်တဲ >့ အခါ > (A) ဥပမာလေးတွေ နဲ့ ဖော်ပြတာ ကြိုက်တယ်။ စာဖတ်နေတုန်း ခဏနားပြီး စာထဲက > အကြောင်းတွေ မြင်ယောင် > ကြည့်နေတတ်တယ် > ( B) ဇာတ်ကြောင်း ပြန်ပြောတဲ့ အရေးအသားမျိုး ကြိုက်တယ်။ ဇာတ်ကောင်တွေ > ပြောသမျှ ကို > ကြားယောင်နေတတ်တယ် > ( C )စွန့် စားခန်းတွေ စုံထောက် ဇာတ်လမ်းတွေ လှုပ်ရှားမှု ကို > ဦးစားပေးတဲ့  စာတွေ ကြိုက်တယ်။ ဒါပေမယ့် စာဖတ်ရတာ သိပ်ဝါသနာ မပါဘူး။ > ၈။ စကားလုံးတွေ ကို စာလုံးပေါင်းတဲ့ အခါ (English > words) > (A )စာလုံးကို စိတ်မှာ မြင်တယ်။ ရေးလိုက်ရင် ဘယ်လို ပုံစံလဲ ဆိုတာ လဲ > မြင်တယ် > (B) စာလုံးပေါင်းကို နှုတ်ကနေ ရွတ်ကြည့်တယ်။ ဘာပြီးရင် ဘာလာ မလဲ ဆိုတာ > ပါးစပ်ကနေ ရွတ်ပြီး > စဉ်းစားတယ်။ > ( C) စကားလုံးကို ခံစားတယ် ။ချရေးကြည့်တယ်။ တစ်ခါတလေ typing ရိုက်သလို > လက်က စာလုံးပေါင်းကြည့်တယ်။ > ၉။ ကိုယ် မကျွမ်းကျင်တဲ့ အရာ တစ်ခုခု ကို အသစ်အဆန်းလုပ်ရတဲ >့ အခါ > (A) သရုပ်ပြပုံတွေ၊ လမ်းညွှန်တဲ့ ပုံတွေ၊ ဇယားတွေကို > ရှာတယ်။ > ( B) တစ်စုံတစ်ယောက်ရဲ့ နှုတ်နဲ့ ညွှန်ကြားချက်ကို လိုအပ်တယ်။ ဒါမှ မဟုတ် > ဘာပြီးရင် ဘာလုပ်ရမလဲ ရေးထားတဲ >့ လမ်းညွှန်လိုတယ် > (C) ကိုယ့်ဟာနဲ့ ကိုယ် ကြိုးစားယူတယ်။ ဒီနည်းနဲ့ မရ ရင် > နောင်တစ်နည်းပြောင်းလုပ်တယ်။ > ၁၀။ ပစ္စည်းတစ်ခုခု ကို ဖြုတ်၊တပ် ရတဲ >့ အခါ > (A)ရုပ်ပုံတွေ အရင် ကြည့်တယ်။ ပြီးမှ ညွှန်ကြားချက်ကို ဖတ်တယ် (မဖတ်ချင်လဲ > မဖတ်ဘူး) > (B) ညွှန်ကြားချက်ကို ဖတ်ပြီး လုပ်တယ် ။ လုပ်နေတုန်းနှုတ်က နေလဲ > ရွတ်ကြည့်နေတတ်တယ်။ > (C )ညွှန်ကြားချက်တွေ ဖတ်မနေဘူး။ ကိုယ်လုပ်နေတာပဲ မှန်အောင် ဆက်လုပ်တယ် ။ > မရရင် လဲ ရအောင် ကြိုးစားလုပ်တယ် > ၁၁။ သူတစ်ပါးရဲ့ စိတ်အခြေအနေကို အကဲခတ်တဲ >့ အခါ > (A) သူ့ မျက်နှာ အမူအရာ ပြောင်းလဲ သွာုး့ကို > ကြည့်တယ် > (B) အသံအနှိပ် အမြင့် အသံအနေအထား ပြောင်းလဲ ပုံကို > နားထောင်တယ်။ > (C) သူ့ ကိုယ် အမူအရာ လှုပ်ရှားမှုကို ကြည့်တယ်။ > ၁၂။ သူတပါးကို သင်ကြားပေးရတဲ >့ အခါ > (A) ပုံတွေ ပြတယ်။ ဒါမှ မဟုတ် သူတို့ ကို မြင်လာအောင် > လုပ်တယ်။ > (B) ရှင်းပြတယ်။ ရေးခိုင်းတယ် ။ > မေးခွန်းမေးတယ်။ > (C) အစကနေ အဆုံးလုပ်ပြတယ်။ ပြီးတော့ သူတို့ ကို လုပ်ခိုင်းတယ် > အမှတ်အများဆုံးရတဲ့ A or B or C က ကိုယ်အားသန်တဲ့  သင်ယူ ချဉ်းကပ်နည်း > ပုံစံပါ။ အမှတ်တူနေရင်လဲ နှစ်ခုလုံးမှာ အားသာတဲ့ သဘောပါပဲ။ > Aအမှတ်များသူ= အမြင်အာရုံ အားသန်သူ visual > စာကျက်ရ ခက် နေရင် ဒါမှ မဟုတ် အချက်အလက်တွေ က နားမလညလောက်အောင် > ရှုပ်ထွေးနေရင် ဖြေးဖြေးချင်း ဖတ်ပြီး ရုပ်ပုံလေးတွေ၊ ဇယားကွက်လေးတွေ > လုပ်ပြီး မှတ်ပါ။ ပုံနဲ့  စာတွဲပြီး မျက်လုံးထဲ မြင်လာအောင် လုပ်ပါ။ > ရုပ်ရှင် ပြသလို စိတ်ထဲ မှာ မြင်ယောင်ကြည့်ပြီး အကြောင်းအရာ များကို > မှတ်သားပါ။ > > Bအမှတ်များသူ= အကြားအာရုံ အားသန်သူ auditory > ကိုယ်ဖတ်လိုက်တဲ့ အသံကို အာရုံစိုက်ပါ။ ကိုယ့်အသံကို နားထောင်ပါ။ တခါတလေ > စာတွေက သိပ်ခက်နေရင် စာနဲ့ ကိုယ်နဲ့ အပြန်အလှန် ဆွေးနွေးတဲ့  ပုံစံ > လေ့လာပြီးမှတ်ပါ။ အသံထွက် စာဖတ်ဖို့ မရှက်ပါနဲ့  > > C အမှတ်များသူ= လှုပ်ရှားမှုကို အားသန်သူ tactile/kinesthetic > အရေးကြီးတဲ့ အဓိက အချက်အလက်တွေကို ထင်ထင်ရှားရှား ဖြစ်အောင် highlighter > pen ဒါမှ မဟုတ် ခဲတံလေးတွေနဲ့  မှတ်ပါ။ မျဉ်းတားပါ။ မှတ်စုတို လေးတွေ > ထုတ်ပါ။ မျဉ်းကြောင်းဘေးမှာ or ကွန်ပျူတာမှာ or ၊ အခြားမှတ်စု စာအုပ် မှာ > ပြန်မှတ်ပါ။ စိတ်ထဲက ပေါ်လာ သမျှ လက်က လိုက်ပုံစံလိုက်ချပါ။ စာဖတ်နေတုန်း > လမ်းလျောက်ပါ။ လှုပ်ရှားမှု တစ်ခုခု နဲ့  အချက်အလက်တွေကို ခံစားပါ။ > ပုံဖော်ပါ။ > > ဒီလောက်ဆိုရင် သူများစာမှတ်တဲ့ နည်းနဲ့ လိုက်မှတ်တာ ကိုယ်ကျတော့ > သိပ်မရတာဘာကြောင့်လဲ ဆိုတာ သိလောက်ပါပြီ။ ကိုယ် အားသန်တဲ့ ပုံစံကို သိရင် > ကိုယ့်ခေါင်းထဲ မြန်မြန် ၀င်တဲ့ နည်းကို သိမှာပါ။ ဆရာတွေက လဲ ကိုယ် > ရှင်းပြတာ သိပ်ကောင်းတယ် ထင်ပေမယ့် တချို့ တပည့်တွေ ဘာလို့ နားမလည်ကြလဲ > သိရမှာပါ။ အတန်းတစ်တန်းမှာ တပည့်တွေ အများကြီးရှိပါတယ်။ သူတို့ တွေ ထဲမှာ > အားသန်တဲ့ မှတ်ယူပုံတွေ မတူကြပါဘူး။ အတင်းအကျပ် ပုံစံတစ်ခုတည်းကို > ပုံသွင်းတာ မျိုးထက် တစ်မျိုးမှာ နားမလည်ရင် နည်းအမျိုးမျိုးနဲ >့ ရှင်းပြရမှာပါ။ ဒါကြောင့်စာသင်ကောင်းတဲ့ ဆရာတွေဟာ ပုံစံအမျိုးမျိုးနဲ >့ သင်တတ်ကြပါတယ်။ တပည့်တွေကလဲ ဒီပုံစံမျိုးနဲ့ မှတ်လို့ အဆင်မပြေရင် > အချိန်တွေ အရမ်းကုန်နေရင်၊ ပျင်းသွားရင် နောက် တစ်နည်းနဲ့ မှတ်ရပါတယ်။ > ဒီမေးခွန်းတွေက တကယ်အကျိုးရှိတယ် ထင်ရင် ကျင့်သုံး ကြည့်ပါ။ မေးခွန်းတွေ > မဖြေနိုင်လောက်အောင် ငယ်ရွယ်တဲ့ ကလေးတွေဆို အုပ်ထိန်းသူ၊ ဆရာတွေ က သူတို >့ ရဲ့ အပြုအမူတွေ ၊ ပတ်ဝန်းကျင်ပေါ် တုန့်ပြန်တတ်တဲ့ စရိုက်လေးတွေ > ကြည့်ပြီး ဒီကလေးတော့ ဘယ်လို ပုံစံ သင်ကြားမှု မျိုးနဲ့ ကိုက်ညီတယ် ဆိုတာ > သိအောင် လုပ်ရပါတယ်။ သူ့ ခေါင်းထဲ မ၀င်နိုင်တဲ့ ပုံစံမျိုးကို အတင်းအကြပ် > မချရပါဘူး။ "သင်ရတာ အာပေါက်တော့မယ်။ ဒါလေးတောင် နားမလည်ဘူးလား" လို့ လဲ > မပြောရပါဘူး။ အာပေါက်တယ် ဆိုတာ အသံနဲ့ ပဲ သင်လို့ ထင်ပါတယ်။ တစ်ခြားပုံစံ > အမျိုးမျိုး ပြောင်းသင်ရင်တော့ ထူးခြားလာမှာပါ။ ဒီခုခေတ်မျိုးဆက်တွေ > စာသိပ် မတတ်ဘူးထင်ရင် ခုကျောင်းနေအရွယ် ကလေးတွေကို ပျိုးထောင်ပေးပါ။ > အနာဂါတ်ကို လူငယ်တွေကပဲ ဦးဆောင်ရမှာပါ။ နောင် ပွင့်မယ့် ပန်းလေးတွေအတွက် > ကိုယ်တတ်နိုင် သလောက် အမြင်ရှိရှိနဲ့ နိုင်ငံကြီးသားပီသအောင်၊ > မျိုးချစ်စိတ်ရှိအောင်၊ တာဝန်ယူတတ်အောင်၊ အောက်ကျနောက်ကျ မခံတတ်တဲ >့ စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးအောင် လူကြီးတွေက ပဲ ပျိုးထောင်ပေးရမှာပါ။ > အတွေးမှားကြီးတွေ မပေးဖို့ လဲ လိုသေးတယ်။ ကိုယ်ထူကိုယ်ထ ခေတ်မှာ > ဘယ်စနစ်ကို မှ အားကိုးမရတဲ့ အဆုံးတော့ ကိုယ့် အားကိုယ်ကိုးကြရမှာပါ။ > စာကြွင်း။ ။ အဖြေများကို ပေးရန် မလိုပါ။ စာရှည်ကြီးကို စိတ်ရှည်ရှည် > ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
