"မဖြစ်ဘူးဒေါက်တာ၊ မဖြစ်ပါဘူး၊ ကွှန်မဘယ်နည်းနဲ့မှ ကလေးယူလို့ မဖြစ်ပါဘူး
\"

အချိန်က ညနေ လေးနာရီ။ လူနာကြည့်၍ အကောင်းဆုံးအချိန်မျိုး ဖြစ်သည်။
ကွှန်တော့်အား အကျောက်အကန် ပြောနေသည့် အမျိုးသမီးမှာ
အရပ်အမောင်းကောင်းကောင်း၊ ရုပ်ရည်ချောမော၍ ခေတ်ဆန်သားနားသူ
တစ်ဦးဖြစ်သည်။ မီးခိုးရင့်ရောင် ၀တ်စုံကို ၀တ်ထားပြီး အနက်ရောင် ဦးထုပ်
လှလှလေးတွင်မူ အဖိုးတန် စိန်ကလစ် တစ်ချောင်း ထိုးထား၏။

သူမအား စမ်းသပ် စစ်ဆေးပြီးနောက် ကွှန်တော်က လက်ကို စနစ်တကျ
ဆေးကြောသုတ်သင်ကာ ခြောက်သွေ့အောင် သုတ်သည်။ ပြီးလျှ;င် လက်သုတ်အ၀တ်ကို
ပြန်ထားလိုက်ပြီးနောက် သူမဘက်သို့ ကွှန်တော်လှည့်သည်။

\"မဖြစ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က နည်းနည်းနောက်ကျသွားပြီ ခင်ဗျ၊ ဒီကိစ္စကို
အရင်နှစ်လကျော်လောက်က စဉ်းစားခဲ့ဖို့ကောင်းတာ၊ အခုတော့ ကိုယ်ဝန်က
ကိုးပတ်ရှိနေပြီ၊ ခင်ဗျားကလေးဟာ ဇူလိုင် အလယ်လောက် မွေးလိမ့်မယ်\"

\"မွေးလို့ဘယ်ဖြစ်မလဲ ဒေါက်တာ၊ ကွှန်မကို ကူညီပါဆရာ၊ ဆရာကူညီမှ ဖြစ်မယ်\"

သည်စကားမျိုး ကွှန်တော်ကြားဖူးပေါင်း များလှချေပြီ။ ဒုက္ခရောက်လာသည့်
အရောင်းဈေးသည်မလေးများထံမှ ထိတ်ထိတ်ပျာပျာ ကြားရဖူးသည်။
အရှက်ကြီးရှက်နေသည့် အသက်သုံးဆယ့်ငါးနှစ်အရွယ် အပျိုကြီး၏ နှုတ်မှ
သူမသစ္စာအဖောက်ခံခဲ့ရကြောင်း ရှေးပြဇာတ်ထဲက မင်းသမီးလေး၏ လေသံမျိုးဖြင့်
တုန်တုန်ရီရီပြောသည်ကို ကြားရဖူးသည်။ ကွှန်မ အနုပညာဘ၀ ဘယ်နည်းနဲ့မှ
အပျက်စီးမခံနိုင်ဘူးဟု နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်က
မာနတင်းတင်းနှင့် ပြောသည်ကိုလည်း ကြားခဲ့ရဖူးသည်။ ထို့ပြင်လည်း
ကလေးမွေးချိန် ဗိုက်နာရမှာ ကြောက်လှပါသည်၊ ကိုယ်ကာယ အလှပျက်မှာ၊
ကျန်းမာရေး ထိခိုက်မှာ၊ အသက်အန္တရာယ်ဖြစ်မှာတွေကို စိုးရိမ်လှပါသည်ဆိုသော
မိခင်မေတ္တာနည်းပါးသည့် ဇနီးမယားများ၊ ခင်ပွန်းသည်၏ အချစ်
လက်လွတ်ဆုံးရှုံးခံရမှာ ကြောက်လှပါသည်ဟု ပလီပလာဆိုလာသူများ စသည်ဖြင့်
အမျိုးမျိုး အပြားပြားသော ဆင်ခြေများနှင့် ပြောကြားသည်ကို ကွှန်တော်
ကြားခဲ့ရဖူးပါသည်။

သို့သော် ယခုကိစ္စကတော့ နည်းနည်းပို၍ ထူးခြားသည်။ လူနာ အမျိုးသမီး
ဘီယာထရစ်ဂလင်ဒင်းနင်းက ကွှန်တော်နှင့် ရင်းနှီးခင်မင်သူ ဖြစ်သည်။
သူမ၏ခင်ပွန်း ဟင်နရီနှင့် သူမ၏ လူလားမြောက်နှင့်ပြီဖြစ်သော
သားနှစ်ယောက်ပါ ကွှန်တော်နှင့် ရင်းနှီးကြသည်။ သူတို့မိသားစုက
ချမ်းသာကြွယ်ဝသည်။ နိုက်တ်(စ)ဘရစ်ခ်ျမှာ အိမ်တစ်လုံးရှိသည်။
ဟင့်(ပ)ရှိုင်းယားမှာလည်း ကျယ်ဝန်းသော ခြံမြေတစ်ခုရှိသည်။
ဟင့်(ပ)ရှိုင်းယားခြံမှာ ငှက်ပစ်၍ ကောင်းလှသည်။ ရစ်တွေ ပေါသည်။ စနေ
တနင်္ဂနွေ အားရက်များမှာ ကွှန်တော် ကြိမ်ဖန်များစွာ
သွားရောက်လည်ပတ်ခဲ့ဖူးသည်။

\"ဒီမှာဒေါက်တာ.. ပိုက်ဆံသက်သက်တင် မဟုတ်ပါဘူး၊ ဒီကိစ္စ
ကွှန်မရှင်းပစ်မှဖြစ်မယ်၊ အဲဒီအတွက် ကွှန်မဘာပဲ ပေးရပေးရ ပေးမှာပါ\"

သူ့စကားက အဓိပ္ပါယ်ကောက်လွဲစရာ အကြောင်းမရှိပါ။ စင်စစ် နောက်ပိုင်းတွင်
ပြဿနာတွေ မျိုးစုံတက်လာမည့် အလားတူ ကမ်းလှမ်းချက်မျိုးတွေကို ကွှန်တော်
ကြုံခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ဒီလောက် ပြောင်ကျကျကြီးတော့ မဟုတ်။
တစ်ခါတုန်းကလည်း ဖက်ရှင်ဝတ်စုံ လောကမှ အမျိုးသမီးလေးတစ်ယောက်နှင့်
ကြုံရဖူး၏။ အခြားသော သူတစ်ယောက်နှင့် ဖောက်ပြားသဖြင့် ယောက်ျားနှင့်
ကွဲခဲ့သည့် ပြင်သစ်မလေး။ ညှို့ယူဖမ်းစားတတ်သော မျက်နှာနှင့်
ယဉ်ကြော့ကြော့ သွယ်လျလျ ကိုယ်ကာယပိုင်ရှင်လေး။ လှပသည့် သူ့မျက်ဝန်းထဲမှာ
မျက်ရည်ဥကြီးတွေ တွဲခိုလျက်၊ သူက အတင်းရှေ့တိုးကာ ကွှန်တော့်လက်နှစ်ဖက်ကို
ဆုပ်ကိုင်မည် ပြုသည်။

စင်စစ် ဆရာဝန်များသည်လည်း လူသားများသာ ဖြစ်သည်။ အခြားယောက်ျားများ နည်းတူ
သဘာဝဗီဇစိတ်ကို ခဲယဉ်းစွာ ချိုးနှိမ်ကြရသော သဘောရှိပါသည်။ သို့သော်
လူမှုကျင့်ဝတ်များကို ထားဦးတော့၊ သာမန်ကျိုးကြောင်းဆင်ခြင်ဉာဏ်
သက်သက်ဖြင့်ပင် ကွှန်တော့်ကိုယ်ကွှန်တော် ထိန်းချုပ်နိုင်ခဲ့မြဲ ဖြစ်ပါသည်။
ဆရာဝန်တစ်ဦးသည် ကိုယ်ဝန်ဖျက်ချသော အလုပ်ကို တစ်ကြိမ်တစ်ခါ လုပ်ပေးမိသည်
ဆိုလျှ;င်ပင် သူ၏လုပ်ငန်းမှာ ပြန်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားတော့မည်
ဖြစ်သည်။

သို့သော် ကွှန်တော်တို့အနီး ပတ်ဝန်းကျင်၌ပင် သည်ကိစ္စကို တိုးတိုးတိတ်တိတ်
လုပ်ကိုင်နေကြသူတွေ အများအပြားရှိနေသည်။ ယောက်ျားလည်း ရှိသည်။ မိန်းမလည်း
ရှိသည်။ အန္တရာယ်များလှသည့် ထိုအလုပ်ကို အခကြေးငွေ မတန်တဆယူကာ
လျှ;ို့လျှ;ို့ဝှက်ဝှက် လုပ်ကိုင်ပေးနေကြသည်။ သို့သော် သူတို့အတွက်
ကံဆိုးမိုးမှောင်ကျသည့် တစ်နေ့ကား မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။
ဒုက္ခသည်မလေး တစ်ယောက်တစ်လေ သေဆုံးသွားသည့် ကိစ္စမျိုးမှ စတင်ကာ
ဟိုးလေးတကြော်ဖြစ်ပြီး အခြေအနေအားလုံး ပျက်စီးသွားရမည်၊ နှစ်ရှည်လများ
ထောင်ကျခံနေရမည်ဖြစ်သည်။

ကွှန်တော့်ထံ ရောက်ရှိလာသည့် ဖော်ပြခဲ့သည့် လူနာမျိုးများမှာ
သည်ကိစ္စကြီးပြီးလျှ;င် ပြီးရောဟူသည့် သဘောမျိုးဖြင့် မျက်ကန်းတစ္ဆေမကြောက်
ရောက်လာကြခြင်း ဖြစ်သည်။ စင်စစ် ယင်းသို့ တိတ်တိတ်ကျိတ်၍
ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မည်မျှ;ဆိုးဝါးသော ဘေးအန္တရာယ်များ
ပေါ်ပေါက်နိုင်သည်ကိုမူ စဉ်းစားသိမြင်သူ အလွန်နည်းပါးလှသည်။ ပစ္စည်းပစ္စယ
ပြည့်စုံသည့် ဆေးရုံ၌ ကျန်းမာရေးဆိုင်ရာ လုပ်သင့်လုပ်ထိုက်သည့်
အကြောင်းကြောင့် တရားဝင်လုပ်ကိုင်ရသည့် အခါမျိုး၌ပင် အန္တရာယ်က အနည်းနှင့်
အများရှိပေသေးသည်။ အိမ်နောက်ဖေးဘက် အခန်းများတွင် မကွှမ်းကျင်သူ
အကြင်နာတရားမရှိသူတို့က မသန့်ရှင်းသော ပစ္စည်းများဖြင့်
လုပ်ကိုင်ကြသည့်အခါမျိုးတွင်မူ သွေးလွန်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊
ဝမ်းတွင်းမြှေးရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲဖြစ်ရပ်များ မလွဲမသွေ
ပေါ်ပေါက်လာရသည်။

အချို့သူများမှာလည်း ဖြစ်နိုင်မည်ထင်ရသည့် မဟုတ်က ဟုတ်က
နည်းလမ်းမျိုးစုံကို မကြောက်မရွံ့ လုပ်ကိုင်ခဲ့ကြပြီး ဖြစ်ကြောင်း
သူတို့ကိုယ်တိုင်၏ ဖွင့်ဟပြောဆိုချက်များအရ သိရှိရသည်။ အလွန်ပူပြင်းသော
ရေနွေးထဲတွင် စိမ်၍ ရေချိုးခြင်းမှသည် လှေကားပေါ်မှ လေးဖက်ထောက်၍
နောက်ပြန်ဆင်းသည် ဆိုသည်မျိုးအထိ မျိုးစုံ ကြားရဖူးသည်။ ကြံရာမရဖြစ်ကာ
ပြောသံကြားဖူးသမျှ;ကို လိုက်၍လုပ်ကိုင်ကြသူများမှာ တစ်ခါတစ်ရံ ငိုအားထက်
ရယ်အားသန်စရာပင် ကောင်းလှသေးတော့သည်။

သူတို့အထဲတွင် တကယ်ပင်သနားဂရုဏာ သက်စရာကောင်းသူ ကူညီဖေးမမှု
လိုနေသူများလည်း ရှိကြပါသည်။ သူတို့အား ကွှန်တော် တတ်နိုင်သမျှ;
ဖေးမကူညီမှု ပြုခဲ့ပါ၏။ သို့သော် ကွှန်တော့်အကူအညီကား အကြံဉာဏ်ကောင်း
ပေးခြင်းမျှ;သာ ဖြစ်သည်။ သည့်ထက် လုံးဝမပိုခဲ့။

ဘီယားထရစ်ကား မျက်ကလဲဆန်ပျာ ဖြစ်တတ်သည့် မိန်းမမျိုး၊
အသိဉာဏ်ခေါင်းပါးသည့် မိန်းမမျိုး မဟုတ်ပါ။ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဉာဏ်ပညာ
ဗဟုသုတ ရှိသူတစ်ဦးဖြစ်သည်။ အထက်တန်းအကျဆုံး အသိုင်းအ၀ိုင်းထဲတွင်
လေးစားအသိအမှတ်ပြုမှု ခံရသူ တစ်ဦးလည်း ဖြစ်သည်။

ယခုအခြေအနေတွင် ကွှန်တော့်ဘက်က လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းကား
သူ့စကားကို မသိကျိုးကွှန် ပြုရန်သာပဲ ဖြစ်သည်။ သို့နှင့် ကွှန်တော်က
အကျိုးသင့်အကြောင်းသင့် နှစ်သိမ့်ပြောဆိုသော သဘောဖြင့် ပြောရသည်။

\"ဟုတ်တာပေါ့ဗျာ၊ သားနှစ်ယောက်ကလဲ အရွယ်ရောက်နေပြီဆိုတော့ နည်းနည်း
ကသိကအောက် ဖြစ်စရာတော့ ရှိနေတာပေါ့ဗျာ၊ လန်ဒန်အလည်သွားမယ့် ခရီးလည်း
ပျက်သွားနိုင်တာပေါ့၊ ဒါပေမယ့် ဟင်နရီကတော့ ၀မ်းသာမှာပေါ့ဗျာ\"

\"အိုရှင် .. ဒေါက်တာကလည်း နားဝေးမနေစမ်းပါနဲ့၊ ဟင်နရီက
ကလေးအဖေမဟုတ်ဘူးရှင့်\"

သည်အတိုင်းဖြစ်နိုင်သည်ဟူ၍တော့ ကွှန်တော် တစ်ဝက်တစ်ပျက်
မျှေ;ာ်လင့်ထားပြီးဖြစ်၏။ သို့သော် သူ့နှုတ်က ဖွင့်ပြောသည့်စကားကို
ကြားရသည့်အခါမှာတော့ ကွှန်တော် ဘာမှပင် ပြန်မပြောနိုင်အောင်
ဖြစ်သွားရသည်။

ဟင့်(ပ)ရှိုင်းယားသို့ ကွှန်တော်ရောက်တိုင်းပင် သူတို့မိသားစု
တစ်ပိုင်းလိုဖြစ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ရလေ့ ရှိခဲ့သည်။ သူက
ဟင်နရီ၏ မိတ်ဆွေ အရင်းအချာတစ်ယောက်ဖြစ်၍ ငါးမျှ;ားဖက် အမဲပစ်ဖက်လည်း
ဖြစ်သည်။ လူက ပျော်ပျော်ပါးပါး နေတတ်သလို သဘောကောင်းသလို ဘာလို
ပုံစံမျိုးဖြစ်၏။ ကွှန်တော်ကမူ လူပုံကို မြင်သည်နှင့်ပင် အလိုလို
မနှစ်မြို့ဖြစ်မိသည်။ ဟင်နရီ၏ ဇနီးနှင့် ၎င်းတို့ ရင်းနှီးလွန်းကြောင်းကး
သိသာထင်ရှားလှသည်။

\"အင်း၊ ပြဿနာပဲပေါ့လေ၊ ဒါပေမယ့် ကွှန်တော်ကတော့ ဘာမှ တတ်နိုင်မယ်
မထင်ဘူးဗျာ\"

\"ဆရာ ကွှန်မကို မကူညီတော့ဘူးလားဟင်\"

\"ကွှန်တော် မတတ်နိုင်ပါဘူးဗျာ\"

ခဏမျှ; ငြိမ်သက်သွားသည်။ သူမပါးပြင်မှာ သွေးရောင်လွှမ်းလာတာ မြင်ရသည်။
ထို့နောက် ဒေါသရောင်တောက်သော မျက်လုံးများဖြင့် ကွှန်တော့်ကို ကြည့်သည်။
လက်အိတ်ကို စွပ်သည်။ လက်ကိုင်အိတ်ကို ကောက်ကိုင်သည်။

မိန်းမတစ်ယောက်အား ငြင်းပယ်လိုက်ခြင်းသည် တစ်သက်တာအတွက် ရန်သူတစ်ယောက်
မွေးလိုက်ခြင်းပင် ဖြစ်သည်။

\"ကောင်းပါပြီ ဒေါက်တာ၊ နောက်ထပ် ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့\"

\"ခင်ဗျားမသွားခင် တစ်ခုတော့ ပြောချင်တယ် .. ရမ်းကု တစ်ယောက်လက်ထဲတော့
ခင်ဗျားကိုယ်ခင်ဗျား မအပ်လိုက်ပါနဲ့၊ နောက်တော့မှ နောင်တရမိလိမ့်မယ်\"

သူက ကွှန်တော့်စကားကို ကြားဟန်မရှိ။ ဘာတစ်ခုမှ မပြောတော့ဘဲ အခန်းထဲမှ
တစ်ရှူးထိုး ထွက်သွားသည်။

သည်အတွေ့အကြုံအတွက် ကွှန်တော့်ရင်ထဲတွင် အော်ဂလီဆန်ချင်သလို
ဖြစ်သွားမိသည်။ စိတ်က တကယ်ပင် မသက်မသာ ခံစားရမိသည်။ ကွှန်တော့်အဖို့
ဖောက်သည်ကောင်းတစ်ယောက် လက်လွှတ်လိုက်ရသလို သဘောကောင်းသော
အိမ်ရှင်မတစ်ယောက် ဆုံးရှုံးခံလိုက်ရခြင်းလည်း ဖြစ်၏။ ထို့ပြင် နှစ်စဉ်
ဆောင်းဦးပေါက်တိုင်း ကွှန်တော် ရနေကျဖြစ်သည့် ရစ် အဖိုအမ
ခြောက်စုံခန့်ကိုလည်း သည်နှစ် ရနိုင်မည် မဟုတ်တော့။

မစ္စဂလင်ဒင်းနင်းကို ကွှန်တော် နောက်ထပ် တွေ့ရလိမ့်မည်ဟု
မမျှေ;ာ်လင့်တော့ပါ။

သို့သော် ကွှန်တော် ဘယ်လောက် လွဲလိုက်ပါသနည်း။ ထိုမိန်းမ၏
တားဆီးမရနိုင်သည့် စိတ်ဓာတ်ကို ကွှန်တော် လုံးဝ အကဲမခတ်တတ်ခဲ့ချေတကား။

နောက် ဆယ်ရက်ခန့်အကြာတွင်ပင် ကွှန်တော့်ထံသို့ တယ်လီဖုန်း လာသည်။ ဆက်သူက
ဂလင်ဒင်းနင်း ဖြစ်သည်။ ဘီယားထရစ်သည် အအေးမိပြီး ဖျားနေကြောင်း၊
သာမန်မဟုတ် အလွန်ဆိုးသည့် တုပ်ကွေးဖျားဖြစ်ကြောင်း ပြောဆိုပြီး
ကွှန်တော့်အား ကျေးဇူးပြု၍ အမြန်ဆုံး နိုက်တ်(စ)ဘရစ်ခ်ျသို့ ကြွရောက်
ကြည့်ရှုပေးပါဟု မေတ္တာရပ်ခံ လာလေသည်။ ဆက်ဆံရေး မပျက်သေးသည့်အတွက် ကွှန်တော်
ဝမ်းသာသွားမိပြီး နောက်တစ်နာရီခန့် အတွင်းမှာပင် ဂလင်ဒင်းနင်းတို့၏
မြို့ပိုင်းနေအိမ်သို့ ကွှန်တော် အရောက်သွားခဲ့သည်။

ကွှန်တော့်အား ဘီယားထရစ်၏ အခန်းသို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။
လူနာနံဘေးတွင် သူနာပြုတစ်ယောက် ရှိနေသည်။ လူလတ်ပိုင်းအရွယ်
တုတ်တုတ်ခိုင်ခိုင် မိန်းမတစ်ယောက်။ မျက်နှာ၇ိပ် မျက်နှာကဲ ကြည့်ရသည်မှာ
စိတ်မချ မယုံကြည်ချင်စရာ။

လူနာက ခုတင်ပေါ်မှာ ပက်လက်ကလေး။ ရုတ်တရက် လှမ်းမြင်လိုက်ရသည့်
အခိုက်မှာပင် ကွှန်တော်မျှေ;ာ်လင့်ထားသည့်ထက် အများကြီးပို၍
နေမကောင်းဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ လူတစ်ကိုယ်လုံး
ကြောက်စရာကောင်းလောက်အောင် သွေးဆုတ်သလို ဖြစ်နေသည်။ နှုတ်ခမ်းတွေက
ဖွေးဖွေးလှုပ်လျက်။ ပြီး အပြင်းဖျားနေသည့် လက္ခဏာများလည်း အပြည့်အဝ
ရှိနေသည်။

ကွှန်တော် ဇဝေဇ၀ါဖြစ်သွားသည်။ အပေါ်က ခြုံလွှာကို ဆွဲခွါကြည့်လိုက်သည့်
အခါ၌မူ အဖြစ်မှန်က ဘွားခနဲ ပေါ်လာသည်။ ဟိုကိစ္စ လုပ်ထားပြီး ဖြစ်နေပြီ။
မတတ်တတတ် ပစ်စလက်ခတ် လုပ်ထားခြင်း ဖြစ်သည်။ မသန့်ရှင်းသဖြင့် ပိုးဝင်ကာ
အကြီးအကျယ် မန်းတက်လျှ;က် ရှိပြီး သွေးဆင်းနေသည်မှာလည်း အနည်းဆုံး ၁၂
နာရီမျှ; ကြာခဲ့ပြီ ဖြစ်သည်။

\"ကွှန်မ အားလုံး အဆင်သင့် ပြင်ထားပါတယ် ဒေါက်တာ\"

သူနာပြု အမျိုးသမီးက ကွှန်တော့်အား ခံစားချက်ကင်းသည့် လေသံဖြင့် ပြောပြီး
ဂွမ်းတို့ဖတ်နှင့် ဆေးဝတ်စများ ထည့်ထားသော ဇလုံကို ပေးသည်။

ကွှန်တော် ရုတ်တရက် အကြီးအကျယ် ဒေါသထွက်ကာ ဆက်ခနဲ နောက်ဆုတ်လိုက်မိသည်။
အခန်းထဲမှ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်သွားသည်။ သို့သော် အဘယ်မှာ
ထိုသို့လုပ်နိုင်ပါမည်နည်း။ လူနာက အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည့်
အခြေအနေမှာ ရှိသည်။ သည်မိန်းမမိုက်အတွက် ကွှန်တော် တစ်စုံတစ်ခု
လုပ်မှဖြစ်တော့မည်။ ကွှန်တော် ကျကျနနကြီး ချောင်ပိတ် အဖမ်းခံလိုက်ရခြင်း
ဖြစ်သည်။

ကွှန်တော် လုပ်စရာရှိတာတွေ စ,လုပ်သည်။ ကွှန်တော့်နည်းလမ်းက
သိပ်ညှာညှာတာတာလည်း လုပ်၍မရ။ သို့သော် သူမက လုံးဝညည်းညူခြင်း
ငြင်းဆန်ခြင်း မပြု။ အပြင်းထန်ဆုံး ဝေဒနာကိုပင် ကျိတ်မှိတ် မျိုသိပ်
ခံရှာသည်။ သွေးဒလဟော ဆင်းနေခြင်းကို ထိန်းလိုက်နိုင်ပြီးသည့် အခါ၌
ကွှန်တော် အိမ်ပြန်ဖို့ပြင်ဆင်သည်။

လူနာက ကွှန်တော်လုပ်ကိုင်နေစဉ် တစ်လျှေ;ာက်လုံး ကွှန်တော့်မျက်နှာကိုသာ
မခွာတမ်း စိုက်ကြည့်နေခဲ့သည်။ ယခု ကွှန်တော်ပြန်တော့မည် ဆိုတော့မှ သူက
လေသံသဲ့သဲ့လေးဖြင့် ကြိုးစားအားယူ၍ ပြောသည်။

\"ဒေါက်တာ ကွှန်မဖြစ်တာ တုပ်ကွေးနော်၊ ဟင်နရီက တုပ်ကွေးလို့ပဲ သိထားတယ်၊
ညဘက်လည်း လာပါဦးဒေါက်တာ\"

အောက်ထပ် စာကြည့်ခန်းထဲတွင် ဟင်နရီက ကွှန်တော့်အား ရှယ်ရီတစ်ဖန်ခွက်နှင့်
အသင့်စောင့်နေသည်။ ဇနီးသည်အတွက် စိုးရိမ်သောက ရောက်နေသည့် ကြားကပင်
ထုံးစံအတိုင်း ဖော်ဖော်ရွေရွေ ဧည့်ဝတ်ကျေနေပေးသေးသည်။ လူက
သေးသေးကွေးကွေး၊ ဟိတ်ဟန်မရှိ၊ ရှက်ရွံ့တတ်သည့် အမူအရာမျိုးသာ ရှိ၏။
ဖခင်ထံမှ အမွေအမြောက်အများ ရခဲ့သူဖြစ်ပြီး သူ့ချမ်းသာ စည်းစိမ်
အများအပြားကို တစ်ပါးသူတို့၏ ပျော်ရွှင်မှုအတွက် သုံးစွဲနေသူလည်း ဖြစ်၏။
ရိုးသားပွင့်လင်း၍ ခင်မင်ကြင်နာဟန် ရှိသည့် သူ့မျက်နှာကို ကြည့်မိသည့်အခါ
စောစောကပင် ကွှန်တော်ပြောမည်ဟု စိတ်ကူးခဲ့သမျှ; စကားတွေသည် နှုတ်ဖျားမှာပင်
ချုပ်ငြိမ်းသွားခဲ့သည်။ သူ့ကို ကွှန်တော် မပြောနိုင်တော့။
ဘယ်နည်းနှင့်မျှ; ပြောမထွက်နိုင်တော့။

\"ဒီ တုပ်ကွေးဆိုတဲ့အကောင် အတော်ဆိုးတာဗျ နော်\"

ကွှန်တော် သက်ပြင်းချလိုက်သည်။

\"ဟုတ်တယ် ဟင်နရီ\"

\"အခု ကွှန်တော့်အမျိုးသမီး ဖြစ်တာလဲ တော်တော့်ကို ဆိုးတယ် ပြောရမှာပေါ့ဗျာ
\"

\"ဟုတ်တယ်၊ ဆိုးတယ်ပြောရမှာပေါ့\"

\"သေသေချာချာ ကောင်းသွားတဲ့အထိ ကြည့်ပေးပါ ဒေါက်တာ\"

ခဏငြိမ်သက်နေသည်။

\"ကြည့်ပေးပါ့မယ်ဗျာ၊ ကောင်းသွားတဲ့အထိ ကွှန်တော် ကြည့်ပေးပါ့မယ်\"

ထိုနေ့ ညနေပိုင်းတွင် ကွှန်တော် တစ်ကြိမ် ထပ်ရောက်သည်။ နောက်ထပ်
ဆယ်ရက်ခန့် နေ့စဉ် တစ်ရက်နှစ်ကြိမ် မှန်မှန်သွားကြည့်သည်။ လူနာအခြေအနေက
နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်သည့် အနေအထားမျိုးဖြစ်ရာ အမြဲသတိထား
စောင့်ကြည့်နေရသည်။

ဟင်နရီမသိအောင် ဖုံးကွယ်ရသည့် ကိစ္စတွင်မူ ကွှန်တော်လည်း ပါဝင်သွားခဲ့သည်ဟု
ဆိုရပါမည်။ သို့သော် တကယ့်လှည့်ကွက်များကိုကား ဘီယားထရစ်နှင့် သူနာပြု
အမျိုးသမီးတို့က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဟင်နရီဂလင်ဒင်းနင်းကား
တစ်ချိန်လုံး အိမ်တွင် အတူနေကာ ညတိုင်းလည်း လူနာခန်းနှင့် ကပ်လျက်
အခန်းတွင် အိပ်နေပါလျက် တကယ့်ရောဂါ အစစ်အမှန်ကို တစိုးတစိမျှ;ပင်
မရိပ်စားမိခဲ့ချေ။ ပြော၍ယုံနိုင်စရာပင်မရှိ။ သို့သော် တကယ်မသိခဲ့သည်ကား
အမှန်ပင်ဖြစ်သည်။

လကုန်ပိုင်းလောက်တွင် နောက်ဆုံးအခေါက်အဖြစ် ကွှန်တော် သွားရောက်ရသည်။
ဘီယားထရစ်က ထနိုင်နေပြီ။ ဇာဖြူ အနားတပ် နှင်းဆီသွေးရောင် လက်ဖက်ရည်ပွဲ
ဝတ်စုံကို ဆင်မြန်းကာ ဧည့်ခန်းဆိုဖာ၌ ထိုင်နေပုံမှာ အလှကျက်သရေ
ဖြာဝေနေသကဲ့သို့ ရွှင်ပျလန်းဆန်းဟန်လည်း ပေါ်လွင်လှ၏။ တစ်ခန်းလုံးတွင်လည်း
ပန်းတွေ ဝေ၍နေပေသည်။ ဇနီးသည်အား မြတ်နိုးမြဲ မြတ်နိုးဆဲ ဖြစ်သည့်
ဟင်နရီကား အထူးဝမ်းသာ ရွှင်လန်းလျက်ရှိပြီး ကြင်နာယုယ၍ မဆုံးနိုင်အောင်
ရှိနေလေတော့သည်။

လက်ဖက်ရည်ပွဲကို သပ်ရပ်သန့်ပြန့်သည့် အိမ်စေတစ်ယောက်က
ယူဆောင်တည်ခင်းပေးသည်။ မျက်နှာကြောတင်းတင်းနှင့် သူနာပြု အမျိုးသမီးကား
မရှိတော့တာ အတော်ကြာပြီဖြစ်၏။

ကိတ်မုန့်တစ်ချပ်ကို လက်ထဲတွင် တကိုင်ကိုင်လုပ်နေရင်း ဘီယားထရစ်က အလိုဆန္ဒ
ပြည့်ဝသေးဟန်မတူသည့် မျက်လုံးများဖြင့် ကြည့်၍ပြောသည်။

\"နောက်အပတ်ကျရင် ဟင်နရီက ကွှန်မကို မဒီရာကို ခေါ်သွားမယ်တဲ့ ဒေါက်တာ၊ သူက
ကွှန်မအတွက် အပြောင်းအလဲ တစ်ခုခု ရှိသွားအောင် လုပ်ပေးရမယ်တဲ့\"

\"ဟုတ်တယ်၊ ဒါလင့်မှာ လိုအပ်နေတာကိုး\"

\"ကျေးဇူးတင်ပါတယ် မောင်ရယ်\"

ဘုရား .. ဘုရား .. တတ်လည်းတတ်နိုင်သည့် မိန်းမပါတကား။ သွေးအေးအေးနှင့်
စနစ်တကျ ကြံစည်ကာ ပက်ပက်စက်စက် လိမ်လည် လှည့်ဖြားတတ်သော မိန်းမမျိုး၊
အလွန်တရာ သစ္စာမဲ့သော မိန်းမမျိုးပါတကား။

\"ပထမတစ်ပတ်တော့ ကွှန်မတို့နှစ်ယောက်တည်း အတူတူပေါ့လေ\"

သူက လေသံချိုချိုဖြင့် ဆက်ပြောနေပြန်သည်။

\"ဒုတိယ ဟန်းနီးမွန်းပေါ့၊ နောက်တော့ ဂျော့ခ်ျလိုက်လာမယ်၊ သူ့ကိုတော့
ကွှန်မတို့ နှစ်ယောက်လုံး သိပ်ခင်ကြတယ်လေ\"

သူမ၏ မျက်လုံးများက ကွှန်တော့်ကို မခွာတမ်း စိုက်ကြည့်လျက် ရှိနေသည်။
စကားသံက တစ်ချက်ကလေးမျှ;ပင် ထစ်ငေါ့သွားသည်မရှိ။

\"လက်ဖက်ရည် ယူပါဦး ဒေါက်တာရဲ့၊ ကွှန်မတို့ ပြန်ရောက်တဲ့အခါ အလည်လာပြီး
ငှက်အတူ ပစ်ရဦးမယ်နော်\"

ကွှန်တော်ပြန်မည်ပြုတော့ ဟင်နရီက တံခါးဝအထိ လိုက်ပို့ပြီး ကွှန်တော့်ကို
လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်သည်။

\"ဒေါက်တာ အခုလို ဂရုစိုက် ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ၊
ဒီတုပ်ကွေးဆိုတဲ့ အကောင်က အတော့်ကို ဆိုးတာဗျနော်\"

သူက မှတ်ချက်ချလိုက်သေးသည်။

ကွှန်တော်က ကင်ဆင်တန်ပန်းခြံကို ဖြတ်ကာ အိမ်သို့ လမ်းလျှေ;ာက်ပြန်လာသည်။
တစ်လမ်းလုံး အံတကြိတ်ကြိတ်နှင့် တစ်ယောက်တည်း မြည်တွန်တောက်တီး
လာခဲ့မိသည်။

\"ခွေးမသား တော်တော် အသုံးမကျတဲ့ သတ္တ၀ါ၊ ဒီလောက် .. .. .. သုံးမကျတဲ့
သတ္တ၀ါမျိုးကွာ\"

သို့သော် နိုဝင်ဘာလတွင်ကား ကွှန်တော့်စံချိန်အတိုင်း ရစ်အဖိုအမ ခြောက်စုံ
ကွှန်တော်ရရှိခဲ့ပါသည်။ တကယ် နူးညံ့ အရသာရှိလှသည့် သတ္တ၀ါများပင်။



--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to