mite thal kwar ..
lan htwet nay tal .. :)

On Sep 1, 10:31 am, [EMAIL PROTECTED] wrote:
> "မဖြစ်ဘူးဒေါက်တာ၊ မဖြစ်ပါဘူး၊ ကွှန်မဘယ်နည်းနဲ့မှ ကလေးယူလို့ မဖြစ်ပါဘူး
> \"
>
> အချိန်က ညနေ လေးနာရီ။ လူနာကြည့်၍ အကောင်းဆုံးအချိန်မျိုး ဖြစ်သည်။
> ကွှန်တော့်အား အကျောက်အကန် ပြောနေသည့် အမျိုးသမီးမှာ
> အရပ်အမောင်းကောင်းကောင်း၊ ရုပ်ရည်ချောမော၍ ခေတ်ဆန်သားနားသူ
> တစ်ဦးဖြစ်သည်။ မီးခိုးရင့်ရောင် ၀တ်စုံကို ၀တ်ထားပြီး အနက်ရောင် ဦးထုပ်
> လှလှလေးတွင်မူ အဖိုးတန် စိန်ကလစ် တစ်ချောင်း ထိုးထား၏။
>
> သူမအား စမ်းသပ် စစ်ဆေးပြီးနောက် ကွှန်တော်က လက်ကို စနစ်တကျ
> ဆေးကြောသုတ်သင်ကာ ခြောက်သွေ့အောင် သုတ်သည်။ ပြီးလျှ;င် လက်သုတ်အ၀တ်ကို
> ပြန်ထားလိုက်ပြီးနောက် သူမဘက်သို့ ကွှန်တော်လှည့်သည်။
>
> \"မဖြစ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က နည်းနည်းနောက်ကျသွားပြီ ခင်ဗျ၊ ဒီကိစ္စကို
> အရင်နှစ်လကျော်လောက်က စဉ်းစားခဲ့ဖို့ကောင်းတာ၊ အခုတော့ ကိုယ်ဝန်က
> ကိုးပတ်ရှိနေပြီ၊ ခင်ဗျားကလေးဟာ ဇူလိုင် အလယ်လောက် မွေးလိမ့်မယ်\"
>
> \"မွေးလို့ဘယ်ဖြစ်မလဲ ဒေါက်တာ၊ ကွှန်မကို ကူညီပါဆရာ၊ ဆရာကူညီမှ ဖြစ်မယ်\"
>
> သည်စကားမျိုး ကွှန်တော်ကြားဖူးပေါင်း များလှချေပြီ။ ဒုက္ခရောက်လာသည့်
> အရောင်းဈေးသည်မလေးများထံမှ ထိတ်ထိတ်ပျာပျာ ကြားရဖူးသည်။
> အရှက်ကြီးရှက်နေသည့် အသက်သုံးဆယ့်ငါးနှစ်အရွယ် အပျိုကြီး၏ နှုတ်မှ
> သူမသစ္စာအဖောက်ခံခဲ့ရကြောင်း ရှေးပြဇာတ်ထဲက မင်းသမီးလေး၏ လေသံမျိုးဖြင့်
> တုန်တုန်ရီရီပြောသည်ကို ကြားရဖူးသည်။ ကွှန်မ အနုပညာဘ၀ ဘယ်နည်းနဲ့မှ
> အပျက်စီးမခံနိုင်ဘူးဟု နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်က
> မာနတင်းတင်းနှင့် ပြောသည်ကိုလည်း ကြားခဲ့ရဖူးသည်။ ထို့ပြင်လည်း
> ကလေးမွေးချိန် ဗိုက်နာရမှာ ကြောက်လှပါသည်၊ ကိုယ်ကာယ အလှပျက်မှာ၊
> ကျန်းမာရေး ထိခိုက်မှာ၊ အသက်အန္တရာယ်ဖြစ်မှာတွေကို စိုးရိမ်လှပါသည်ဆိုသော
> မိခင်မေတ္တာနည်းပါးသည့် ဇနီးမယားများ၊ ခင်ပွန်းသည်၏ အချစ်
> လက်လွတ်ဆုံးရှုံးခံရမှာ ကြောက်လှပါသည်ဟု ပလီပလာဆိုလာသူများ စသည်ဖြင့်
> အမျိုးမျိုး အပြားပြားသော ဆင်ခြေများနှင့် ပြောကြားသည်ကို ကွှန်တော်
> ကြားခဲ့ရဖူးပါသည်။
>
> သို့သော် ယခုကိစ္စကတော့ နည်းနည်းပို၍ ထူးခြားသည်။ လူနာ အမျိုးသမီး
> ဘီယာထရစ်ဂလင်ဒင်းနင်းက ကွှန်တော်နှင့် ရင်းနှီးခင်မင်သူ ဖြစ်သည်။
> သူမ၏ခင်ပွန်း ဟင်နရီနှင့် သူမ၏ လူလားမြောက်နှင့်ပြီဖြစ်သော
> သားနှစ်ယောက်ပါ ကွှန်တော်နှင့် ရင်းနှီးကြသည်။ သူတို့မိသားစုက
> ချမ်းသာကြွယ်ဝသည်။ နိုက်တ်(စ)ဘရစ်ခ်ျမှာ အိမ်တစ်လုံးရှိသည်။
> ဟင့်(ပ)ရှိုင်းယားမှာလည်း ကျယ်ဝန်းသော ခြံမြေတစ်ခုရှိသည်။
> ဟင့်(ပ)ရှိုင်းယားခြံမှာ ငှက်ပစ်၍ ကောင်းလှသည်။ ရစ်တွေ ပေါသည်။ စနေ
> တနင်္ဂနွေ အားရက်များမှာ ကွှန်တော် ကြိမ်ဖန်များစွာ
> သွားရောက်လည်ပတ်ခဲ့ဖူးသည်။
>
> \"ဒီမှာဒေါက်တာ.. ပိုက်ဆံသက်သက်တင် မဟုတ်ပါဘူး၊ ဒီကိစ္စ
> ကွှန်မရှင်းပစ်မှဖြစ်မယ်၊ အဲဒီအတွက် ကွှန်မဘာပဲ ပေးရပေးရ ပေးမှာပါ\"
>
> သူ့စကားက အဓိပ္ပါယ်ကောက်လွဲစရာ အကြောင်းမရှိပါ။ စင်စစ် နောက်ပိုင်းတွင်
> ပြဿနာတွေ မျိုးစုံတက်လာမည့် အလားတူ ကမ်းလှမ်းချက်မျိုးတွေကို ကွှန်တော်
> ကြုံခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ဒီလောက် ပြောင်ကျကျကြီးတော့ မဟုတ်။
> တစ်ခါတုန်းကလည်း ဖက်ရှင်ဝတ်စုံ လောကမှ အမျိုးသမီးလေးတစ်ယောက်နှင့်
> ကြုံရဖူး၏။ အခြားသော သူတစ်ယောက်နှင့် ဖောက်ပြားသဖြင့် ယောက်ျားနှင့်
> ကွဲခဲ့သည့် ပြင်သစ်မလေး။ ညှို့ယူဖမ်းစားတတ်သော မျက်နှာနှင့်
> ယဉ်ကြော့ကြော့ သွယ်လျလျ ကိုယ်ကာယပိုင်ရှင်လေး။ လှပသည့် သူ့မျက်ဝန်းထဲမှာ
> မျက်ရည်ဥကြီးတွေ တွဲခိုလျက်၊ သူက အတင်းရှေ့တိုးကာ ကွှန်တော့်လက်နှစ်ဖက်ကို
> ဆုပ်ကိုင်မည် ပြုသည်။
>
> စင်စစ် ဆရာဝန်များသည်လည်း လူသားများသာ ဖြစ်သည်။ အခြားယောက်ျားများ နည်းတူ
> သဘာဝဗီဇစိတ်ကို ခဲယဉ်းစွာ ချိုးနှိမ်ကြရသော သဘောရှိပါသည်။ သို့သော်
> လူမှုကျင့်ဝတ်များကို ထားဦးတော့၊ သာမန်ကျိုးကြောင်းဆင်ခြင်ဉာဏ်
> သက်သက်ဖြင့်ပင် ကွှန်တော့်ကိုယ်ကွှန်တော် ထိန်းချုပ်နိုင်ခဲ့မြဲ ဖြစ်ပါသည်။
> ဆရာဝန်တစ်ဦးသည် ကိုယ်ဝန်ဖျက်ချသော အလုပ်ကို တစ်ကြိမ်တစ်ခါ လုပ်ပေးမိသည်
> ဆိုလျှ;င်ပင် သူ၏လုပ်ငန်းမှာ ပြန်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားတော့မည်
> ဖြစ်သည်။
>
> သို့သော် ကွှန်တော်တို့အနီး ပတ်ဝန်းကျင်၌ပင် သည်ကိစ္စကို တိုးတိုးတိတ်တိတ်
> လုပ်ကိုင်နေကြသူတွေ အများအပြားရှိနေသည်။ ယောက်ျားလည်း ရှိသည်။ မိန်းမလည်း
> ရှိသည်။ အန္တရာယ်များလှသည့် ထိုအလုပ်ကို အခကြေးငွေ မတန်တဆယူကာ
> လျှ;ို့လျှ;ို့ဝှက်ဝှက် လုပ်ကိုင်ပေးနေကြသည်။ သို့သော် သူတို့အတွက်
> ကံဆိုးမိုးမှောင်ကျသည့် တစ်နေ့ကား မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။
> ဒုက္ခသည်မလေး တစ်ယောက်တစ်လေ သေဆုံးသွားသည့် ကိစ္စမျိုးမှ စတင်ကာ
> ဟိုးလေးတကြော်ဖြစ်ပြီး အခြေအနေအားလုံး ပျက်စီးသွားရမည်၊ နှစ်ရှည်လများ
> ထောင်ကျခံနေရမည်ဖြစ်သည်။
>
> ကွှန်တော့်ထံ ရောက်ရှိလာသည့် ဖော်ပြခဲ့သည့် လူနာမျိုးများမှာ
> သည်ကိစ္စကြီးပြီးလျှ;င် ပြီးရောဟူသည့် သဘောမျိုးဖြင့် မျက်ကန်းတစ္ဆေမကြောက်
> ရောက်လာကြခြင်း ဖြစ်သည်။ စင်စစ် ယင်းသို့ တိတ်တိတ်ကျိတ်၍
> ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မည်မျှ;ဆိုးဝါးသော ဘေးအန္တရာယ်များ
> ပေါ်ပေါက်နိုင်သည်ကိုမူ စဉ်းစားသိမြင်သူ အလွန်နည်းပါးလှသည်။ ပစ္စည်းပစ္စယ
> ပြည့်စုံသည့် ဆေးရုံ၌ ကျန်းမာရေးဆိုင်ရာ လုပ်သင့်လုပ်ထိုက်သည့်
> အကြောင်းကြောင့် တရားဝင်လုပ်ကိုင်ရသည့် အခါမျိုး၌ပင် အန္တရာယ်က အနည်းနှင့်
> အများရှိပေသေးသည်။ အိမ်နောက်ဖေးဘက် အခန်းများတွင် မကွှမ်းကျင်သူ
> အကြင်နာတရားမရှိသူတို့က မသန့်ရှင်းသော ပစ္စည်းများဖြင့်
> လုပ်ကိုင်ကြသည့်အခါမျိုးတွင်မူ သွေးလွန်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊
> ၀မ်းတွင်းမြှေးရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲဖြစ်ရပ်များ မလွဲမသွေ
> ပေါ်ပေါက်လာရသည်။
>
> အချို့သူများမှာလည်း ဖြစ်နိုင်မည်ထင်ရသည့် မဟုတ်က ဟုတ်က
> နည်းလမ်းမျိုးစုံကို မကြောက်မရွံ့ လုပ်ကိုင်ခဲ့ကြပြီး ဖြစ်ကြောင်း
> သူတို့ကိုယ်တိုင်၏ ဖွင့်ဟပြောဆိုချက်များအရ သိရှိရသည်။ အလွန်ပူပြင်းသော
> ရေနွေးထဲတွင် စိမ်၍ ရေချိုးခြင်းမှသည် လှေကားပေါ်မှ လေးဖက်ထောက်၍
> နောက်ပြန်ဆင်းသည် ဆိုသည်မျိုးအထိ မျိုးစုံ ကြားရဖူးသည်။ ကြံရာမရဖြစ်ကာ
> ပြောသံကြားဖူးသမျှ;ကို လိုက်၍လုပ်ကိုင်ကြသူများမှာ တစ်ခါတစ်ရံ ငိုအားထက်
> ရယ်အားသန်စရာပင် ကောင်းလှသေးတော့သည်။
>
> သူတို့အထဲတွင် တကယ်ပင်သနားဂရုဏာ သက်စရာကောင်းသူ ကူညီဖေးမမှု
> လိုနေသူများလည်း ရှိကြပါသည်။ သူတို့အား ကွှန်တော် တတ်နိုင်သမျှ;
> ဖေးမကူညီမှု ပြုခဲ့ပါ၏။ သို့သော် ကွှန်တော့်အကူအညီကား အကြံဉာဏ်ကောင်း
> ပေးခြင်းမျှ;သာ ဖြစ်သည်။ သည့်ထက် လုံးဝမပိုခဲ့။
>
> ဘီယားထရစ်ကား မျက်ကလဲဆန်ပျာ ဖြစ်တတ်သည့် မိန်းမမျိုး၊
> အသိဉာဏ်ခေါင်းပါးသည့် မိန်းမမျိုး မဟုတ်ပါ။ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဉာဏ်ပညာ
> ဗဟုသုတ ရှိသူတစ်ဦးဖြစ်သည်။ အထက်တန်းအကျဆုံး အသိုင်းအ၀ိုင်းထဲတွင်
> လေးစားအသိအမှတ်ပြုမှု ခံရသူ တစ်ဦးလည်း ဖြစ်သည်။
>
> ယခုအခြေအနေတွင် ကွှန်တော့်ဘက်က လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းကား
> သူ့စကားကို မသိကျိုးကွှန် ပြုရန်သာပဲ ဖြစ်သည်။ သို့နှင့် ကွှန်တော်က
> အကျိုးသင့်အကြောင်းသင့် နှစ်သိမ့်ပြောဆိုသော သဘောဖြင့် ပြောရသည်။
>
> \"ဟုတ်တာပေါ့ဗျာ၊ သားနှစ်ယောက်ကလဲ အရွယ်ရောက်နေပြီဆိုတော့ နည်းနည်း
> ကသိကအောက် ဖြစ်စရာတော့ ရှိနေတာပေါ့ဗျာ၊ လန်ဒန်အလည်သွားမယ့် ခရီးလည်း
> ပျက်သွားနိုင်တာပေါ့၊ ဒါပေမယ့် ဟင်နရီကတော့ ၀မ်းသာမှာပေါ့ဗျာ\"
>
> \"အိုရှင် .. ဒေါက်တာကလည်း နားဝေးမနေစမ်းပါနဲ့၊ ဟင်နရီက
> ကလေးအဖေမဟုတ်ဘူးရှင့်\"
>
> သည်အတိုင်းဖြစ်နိုင်သည်ဟူ၍တော့ ကွှန်တော် တစ်ဝက်တစ်ပျက်
> မျှေ;ာ်လင့်ထားပြီးဖြစ်၏။ သို့သော် သူ့နှုတ်က ဖွင့်ပြောသည့်စကားကို
> ကြားရသည့်အခါမှာတော့ ကွှန်တော် ဘာမှပင် ပြန်မပြောနိုင်အောင်
> ဖြစ်သွားရသည်။
>
> ဟင့်(ပ)ရှိုင်းယားသို့ ကွှန်တော်ရောက်တိုင်းပင် သူတို့မိသားစု
> တစ်ပိုင်းလိုဖြစ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ရလေ့ ရှိခဲ့သည်။ သူက
> ဟင်နရီ၏ မိတ်ဆွေ အရင်းအချာတစ်ယောက်ဖြစ်၍ ငါးမျှ;ားဖက် အမဲပစ်ဖက်လည်း
> ဖြစ်သည်။ လူက ပျော်ပျော်ပါးပါး နေတတ်သလို သဘောကောင်းသလို ဘာလို
> ပုံစံမျိုးဖြစ်၏။ ကွှန်တော်ကမူ လူပုံကို မြင်သည်နှင့်ပင် အလိုလို
> မနှစ်မြို့ဖြစ်မိသည်။ ဟင်နရီ၏ ဇနီးနှင့် ၎င်းတို့ ရင်းနှီးလွန်းကြောင်းကး
> သိသာထင်ရှားလှသည်။
>
> \"အင်း၊ ပြဿနာပဲပေါ့လေ၊ ဒါပေမယ့် ကွှန်တော်ကတော့ ဘာမှ တတ်နိုင်မယ်
> မထင်ဘူးဗျာ\"
>
> \"ဆရာ ကွှန်မကို မကူညီတော့ဘူးလားဟင်\"
>
> \"ကွှန်တော် မတတ်နိုင်ပါဘူးဗျာ\"
>
> ခဏမျှ; ငြိမ်သက်သွားသည်။ သူမပါးပြင်မှာ သွေးရောင်လွှမ်းလာတာ မြင်ရသည်။
> ထို့နောက် ဒေါသရောင်တောက်သော မျက်လုံးများဖြင့် ကွှန်တော့်ကို ကြည့်သည်။
> လက်အိတ်ကို စွပ်သည်။ လက်ကိုင်အိတ်ကို ကောက်ကိုင်သည်။
>
> မိန်းမတစ်ယောက်အား ငြင်းပယ်လိုက်ခြင်းသည် တစ်သက်တာအတွက် ရန်သူတစ်ယောက်
> မွေးလိုက်ခြင်းပင် ဖြစ်သည်။
>
> \"ကောင်းပါပြီ ဒေါက်တာ၊ နောက်ထပ် ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့\"
>
> \"ခင်ဗျားမသွားခင် တစ်ခုတော့ ပြောချင်တယ် .. ရမ်းကု တစ်ယောက်လက်ထဲတော့
> ခင်ဗျားကိုယ်ခင်ဗျား မအပ်လိုက်ပါနဲ့၊ နောက်တော့မှ နောင်တရမိလိမ့်မယ်\"
>
> သူက ကွှန်တော့်စကားကို ကြားဟန်မရှိ။ ဘာတစ်ခုမှ မပြောတော့ဘဲ အခန်းထဲမှ
> တစ်ရှူးထိုး ထွက်သွားသည်။
>
> သည်အတွေ့အကြုံအတွက် ကွှန်တော့်ရင်ထဲတွင် အော်ဂလီဆန်ချင်သလို
> ဖြစ်သွားမိသည်။ စိတ်က တကယ်ပင် မသက်မသာ ခံစားရမိသည်။ ကွှန်တော့်အဖို့
> ဖောက်သည်ကောင်းတစ်ယောက် လက်လွှတ်လိုက်ရသလို သဘောကောင်းသော
> အိမ်ရှင်မတစ်ယောက် ဆုံးရှုံးခံလိုက်ရခြင်းလည်း ဖြစ်၏။ ထို့ပြင် နှစ်စဉ်
> ဆောင်းဦးပေါက်တိုင်း ကွှန်တော် ရနေကျဖြစ်သည့် ရစ် အဖိုအမ
> ခြောက်စုံခန့်ကိုလည်း သည်နှစ် ရနိုင်မည် မဟုတ်တော့။
>
> မစ္စဂလင်ဒင်းနင်းကို ကွှန်တော် နောက်ထပ် တွေ့ရလိမ့်မည်ဟု
> မမျှေ;ာ်လင့်တော့ပါ။
>
> သို့သော် ကွှန်တော် ဘယ်လောက် လွဲလိုက်ပါသနည်း။ ထိုမိန်းမ၏
> တားဆီးမရနိုင်သည့် စိတ်ဓာတ်ကို ကွှန်တော် လုံးဝ အကဲမခတ်တတ်ခဲ့ချေတကား။
>
> နောက် ဆယ်ရက်ခန့်အကြာတွင်ပင် ကွှန်တော့်ထံသို့ တယ်လီဖုန်း လာသည်။ ဆက်သူက
> ဂလင်ဒင်းနင်း ဖြစ်သည်။ ဘီယားထရစ်သည် အအေးမိပြီး ဖျားနေကြောင်း၊
> သာမန်မဟုတ် အလွန်ဆိုးသည့် တုပ်ကွေးဖျားဖြစ်ကြောင်း ပြောဆိုပြီး
> ကွှန်တော့်အား ကျေးဇူးပြု၍ အမြန်ဆုံး နိုက်တ်(စ)ဘရစ်ခ်ျသို့ ကြွရောက်
> ကြည့်ရှုပေးပါဟု မေတ္တာရပ်ခံ လာလေသည်။ ဆက်ဆံရေး မပျက်သေးသည့်အတွက် ကွှန်တော်
> ၀မ်းသာသွားမိပြီး နောက်တစ်နာရီခန့် အတွင်းမှာပင် ဂလင်ဒင်းနင်းတို့၏
> မြို့ပိုင်းနေအိမ်သို့ ကွှန်တော် အရောက်သွားခဲ့သည်။
>
> ကွှန်တော့်အား ဘီယားထရစ်၏ အခန်းသို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။
> လူနာနံဘေးတွင် သူနာပြုတစ်ယောက် ရှိနေသည်။ လူလတ်ပိုင်းအရွယ်
> တုတ်တုတ်ခိုင်ခိုင် မိန်းမတစ်ယောက်။ မျက်နှာ၇ိပ် မျက်နှာကဲ ကြည့်ရသည်မှာ
> စိတ်မချ မယုံကြည်ချင်စရာ။
>
> လူနာက ခုတင်ပေါ်မှာ ပက်လက်ကလေး။ ရုတ်တရက် လှမ်းမြင်လိုက်ရသည့်
> အခိုက်မှာပင် ကွှန်တော်မျှေ;ာ်လင့်ထားသည့်ထက် အများကြီးပို၍
> နေမကောင်းဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ လူတစ်ကိုယ်လုံး
> ကြောက်စရာကောင်းလောက်အောင် သွေးဆုတ်သလို ဖြစ်နေသည်။ နှုတ်ခမ်းတွေက
> ဖွေးဖွေးလှုပ်လျက်။ ပြီး အပြင်းဖျားနေသည့် လက္ခဏာများလည်း အပြည့်အဝ
> ရှိနေသည်။
>
> ကွှန်တော် ဇဝေဇ၀ါဖြစ်သွားသည်။ အပေါ်က ခြုံလွှာကို ဆွဲခွါကြည့်လိုက်သည့်
> အခါ၌မူ အဖြစ်မှန်က ဘွားခနဲ ပေါ်လာသည်။ ဟိုကိစ္စ လုပ်ထားပြီး ဖြစ်နေပြီ။
> မတတ်တတတ် ပစ်စလက်ခတ် လုပ်ထားခြင်း ဖြစ်သည်။ မသန့်ရှင်းသဖြင့် ပိုးဝင်ကာ
> အကြီးအကျယ် မန်းတက်လျှ;က် ရှိပြီး သွေးဆင်းနေသည်မှာလည်း အနည်းဆုံး ၁၂
> နာရီမျှ; ကြာခဲ့ပြီ ဖြစ်သည်။
>
> \"ကွှန်မ အားလုံး အဆင်သင့် ပြင်ထားပါတယ် ဒေါက်တာ\"
>
> သူနာပြု အမျိုးသမီးက ကွှန်တော့်အား ခံစားချက်ကင်းသည့် လေသံဖြင့် ပြောပြီး
> ဂွမ်းတို့ဖတ်နှင့် ဆေးဝတ်စများ ထည့်ထားသော ဇလုံကို ပေးသည်။
>
> ကွှန်တော် ရုတ်တရက် အကြီးအကျယ် ဒေါသထွက်ကာ ဆက်ခနဲ နောက်ဆုတ်လိုက်မိသည်။
> အခန်းထဲမှ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်သွားသည်။ သို့သော် အဘယ်မှာ
> ထိုသို့လုပ်နိုင်ပါမည်နည်း။ လူနာက အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည့်
> အခြေအနေမှာ ရှိသည်။ သည်မိန်းမမိုက်အတွက် ကွှန်တော် တစ်စုံတစ်ခု
> လုပ်မှဖြစ်တော့မည်။ ကွှန်တော် ကျကျနနကြီး ချောင်ပိတ် အဖမ်းခံလိုက်ရခြင်း
> ဖြစ်သည်။
>
> ကွှန်တော် လုပ်စရာရှိတာတွေ စ,လုပ်သည်။ ကွှန်တော့်နည်းလမ်းက
> သိပ်ညှာညှာတာတာလည်း လုပ်၍မရ။ သို့သော် သူမက လုံးဝညည်းညူခြင်း
> ငြင်းဆန်ခြင်း မပြု။ အပြင်းထန်ဆုံး ဝေဒနာကိုပင် ကျိတ်မှိတ် မျိုသိပ်
> ခံရှာသည်။ သွေးဒလဟော ဆင်းနေခြင်းကို ထိန်းလိုက်နိုင်ပြီးသည့် အခါ၌
> ကွှန်တော် အိမ်ပြန်ဖို့ပြင်ဆင်သည်။
>
> လူနာက ကွှန်တော်လုပ်ကိုင်နေစဉ် တစ်လျှေ;ာက်လုံး ကွှန်တော့်မျက်နှာကိုသာ
> မခွာတမ်း စိုက်ကြည့်နေခဲ့သည်။ ယခု ကွှန်တော်ပြန်တော့မည် ဆိုတော့မှ သူက
> လေသံသဲ့သဲ့လေးဖြင့် ကြိုးစားအားယူ၍ ပြောသည်။
>
> \"ဒေါက်တာ ကွှန်မဖြစ်တာ တုပ်ကွေးနော်၊ ဟင်နရီက တုပ်ကွေးလို့ပဲ သိထားတယ်၊
> ညဘက်လည်း လာပါဦးဒေါက်တာ\"
>
> အောက်ထပ် စာကြည့်ခန်းထဲတွင် ဟင်နရီက ကွှန်တော့်အား ရှယ်ရီတစ်ဖန်ခွက်နှင့်
> အသင့်စောင့်နေသည်။ ဇနီးသည်အတွက် စိုးရိမ်သောက ရောက်နေသည့် ကြားကပင်
> ထုံးစံအတိုင်း ဖော်ဖော်ရွေရွေ ဧည့်ဝတ်ကျေနေပေးသေးသည်။ လူက
> သေးသေးကွေးကွေး၊ ဟိတ်ဟန်မရှိ၊ ရှက်ရွံ့တတ်သည့် အမူအရာမျိုးသာ ရှိ၏။
> ဖခင်ထံမှ အမွေအမြောက်အများ ရခဲ့သူဖြစ်ပြီး သူ့ချမ်းသာ စည်းစိမ်
> အများအပြားကို တစ်ပါးသူတို့၏ ပျော်ရွှင်မှုအတွက် သုံးစွဲနေသူလည်း ဖြစ်၏။
> ရိုးသားပွင့်လင်း၍ ခင်မင်ကြင်နာဟန် ရှိသည့် သူ့မျက်နှာကို ကြည့်မိသည့်အခါ
> စောစောကပင် ကွှန်တော်ပြောမည်ဟု စိတ်ကူးခဲ့သမျှ; စကားတွေသည် နှုတ်ဖျားမှာပင်
> ချုပ်ငြိမ်းသွားခဲ့သည်။ သူ့ကို ကွှန်တော် မပြောနိုင်တော့။
> ဘယ်နည်းနှင့်မျှ; ပြောမထွက်နိုင်တော့။
>
> \"ဒီ တုပ်ကွေးဆိုတဲ့အကောင် အတော်ဆိုးတာဗျ နော်\"
>
> ကွှန်တော် သက်ပြင်းချလိုက်သည်။
>
> \"ဟုတ်တယ် ဟင်နရီ\"
>
> \"အခု ကွှန်တော့်အမျိုးသမီး ဖြစ်တာလဲ တော်တော့်ကို ဆိုးတယ် ပြောရမှာပေါ့ဗျာ
> \"
>
> \"ဟုတ်တယ်၊ ဆိုးတယ်ပြောရမှာပေါ့\"
>
> \"သေသေချာချာ ကောင်းသွားတဲ့အထိ ကြည့်ပေးပါ ဒေါက်တာ\"
>
> ခဏငြိမ်သက်နေသည်။
>
> \"ကြည့်ပေးပါ့မယ်ဗျာ၊ ကောင်းသွားတဲ့အထိ ကွှန်တော် ကြည့်ပေးပါ့မယ်\"
>
> ထိုနေ့ ညနေပိုင်းတွင် ကွှန်တော် တစ်ကြိမ် ထပ်ရောက်သည်။ နောက်ထပ်
> ဆယ်ရက်ခန့် နေ့စဉ် တစ်ရက်နှစ်ကြိမ် မှန်မှန်သွားကြည့်သည်။ လူနာအခြေအနေက
> နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်သည့် အနေအထားမျိုးဖြစ်ရာ အမြဲသတိထား
> စောင့်ကြည့်နေရသည်။
>
> ဟင်နရီမသိအောင် ဖုံးကွယ်ရသည့် ကိစ္စတွင်မူ ကွှန်တော်လည်း ပါဝင်သွားခဲ့သည်ဟု
> ဆိုရပါမည်။ သို့သော် တကယ့်လှည့်ကွက်များကိုကား ဘီယားထရစ်နှင့် သူနာပြု
> အမျိုးသမီးတို့က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဟင်နရီဂလင်ဒင်းနင်းကား
> တစ်ချိန်လုံး အိမ်တွင် အတူနေကာ ညတိုင်းလည်း လူနာခန်းနှင့် ကပ်လျက်
> အခန်းတွင် အိပ်နေပါလျက် တကယ့်ရောဂါ အစစ်အမှန်ကို တစိုးတစိမျှ;ပင်
> မရိပ်စားမိခဲ့ချေ။ ပြော၍ယုံနိုင်စရာပင်မရှိ။ သို့သော် တကယ်မသိခဲ့သည်ကား
> အမှန်ပင်ဖြစ်သည်။
>
> လကုန်ပိုင်းလောက်တွင် နောက်ဆုံးအခေါက်အဖြစ် ကွှန်တော် သွားရောက်ရသည်။
> ဘီယားထရစ်က ထနိုင်နေပြီ။ ဇာဖြူ အနားတပ် နှင်းဆီသွေးရောင် လက်ဖက်ရည်ပွဲ
> ၀တ်စုံကို ဆင်မြန်းကာ ဧည့်ခန်းဆိုဖာ၌ ထိုင်နေပုံမှာ အလှကျက်သရေ
> ဖြာဝေနေသကဲ့သို့ ရွှင်ပျလန်းဆန်းဟန်လည်း ပေါ်လွင်လှ၏။ တစ်ခန်းလုံးတွင်လည်း
> ပန်းတွေ ဝေ၍နေပေသည်။ ဇနီးသည်အား မြတ်နိုးမြဲ မြတ်နိုးဆဲ ဖြစ်သည့်
> ဟင်နရီကား အထူးဝမ်းသာ ရွှင်လန်းလျက်ရှိပြီး ကြင်နာယုယ၍ မဆုံးနိုင်အောင်
> ရှိနေလေတော့သည်။
>
> လက်ဖက်ရည်ပွဲကို သပ်ရပ်သန့်ပြန့်သည့် အိမ်စေတစ်ယောက်က
> ယူဆောင်တည်ခင်းပေးသည်။ မျက်နှာကြောတင်းတင်းနှင့် သူနာပြု အမျိုးသမီးကား
> မရှိတော့တာ အတော်ကြာပြီဖြစ်၏။
>
> ကိတ်မုန့်တစ်ချပ်ကို လက်ထဲတွင် တကိုင်ကိုင်လုပ်နေရင်း ဘီယားထရစ်က အလိုဆန္ဒ
> ပြည့်ဝသေးဟန်မတူသည့် မျက်လုံးများဖြင့် ကြည့်၍ပြောသည်။
>
> \"နောက်အပတ်ကျရင် ဟင်နရီက ကွှန်မကို မဒီရာကို ခေါ်သွားမယ်တဲ့ ဒေါက်တာ၊ သူက
> ကွှန်မအတွက် အပြောင်းအလဲ တစ်ခုခု ရှိသွားအောင် လုပ်ပေးရမယ်တဲ့\"
>
> \"ဟုတ်တယ်၊ ဒါလင့်မှာ လိုအပ်နေတာကိုး\"
>
> \"ကျေးဇူးတင်ပါတယ် မောင်ရယ်\"
>
> ဘုရား .. ဘုရား .. တတ်လည်းတတ်နိုင်သည့် မိန်းမပါတကား။ သွေးအေးအေးနှင့်
> စနစ်တကျ ကြံစည်ကာ ပက်ပက်စက်စက် လိမ်လည် လှည့်ဖြားတတ်သော မိန်းမမျိုး၊
> အလွန်တရာ သစ္စာမဲ့သော မိန်းမမျိုးပါတကား။
>
> \"ပထမတစ်ပတ်တော့ ကွှန်မတို့နှစ်ယောက်တည်း အတူတူပေါ့လေ\"
>
> သူက လေသံချိုချိုဖြင့် ဆက်ပြောနေပြန်သည်။
>
> \"ဒုတိယ ဟန်းနီးမွန်းပေါ့၊ နောက်တော့ ဂျော့ခ်ျလိုက်လာမယ်၊ သူ့ကိုတော့
> ကွှန်မတို့ နှစ်ယောက်လုံး သိပ်ခင်ကြတယ်လေ\"
>
> သူမ၏ မျက်လုံးများက ကွှန်တော့်ကို မခွာတမ်း စိုက်ကြည့်လျက် ရှိနေသည်။
> စကားသံက တစ်ချက်ကလေးမျှ;ပင် ထစ်ငေါ့သွားသည်မရှိ။
>
> \"လက်ဖက်ရည် ယူပါဦး ဒေါက်တာရဲ့၊ ကွှန်မတို့ ပြန်ရောက်တဲ့အခါ အလည်လာပြီး
> ငှက်အတူ ပစ်ရဦးမယ်နော်\"
>
> ကွှန်တော်ပြန်မည်ပြုတော့ ဟင်နရီက တံခါးဝအထိ လိုက်ပို့ပြီး ကွှန်တော့်ကို
> လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်သည်။
>
> \"ဒေါက်တာ အခုလို ဂရုစိုက် ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ၊
> ဒီတုပ်ကွေးဆိုတဲ့ အကောင်က အတော့်ကို ဆိုးတာဗျနော်\"
>
> သူက မှတ်ချက်ချလိုက်သေးသည်။
>
> ကွှန်တော်က ကင်ဆင်တန်ပန်းခြံကို ဖြတ်ကာ အိမ်သို့ လမ်းလျှေ;ာက်ပြန်လာသည်။
> တစ်လမ်းလုံး အံတကြိတ်ကြိတ်နှင့် တစ်ယောက်တည်း မြည်တွန်တောက်တီး
> လာခဲ့မိသည်။
>
> \"ခွေးမသား တော်တော် အသုံးမကျတဲ့ သတ္တ၀ါ၊ ဒီလောက် .. .. .. သုံးမကျတဲ့
> သတ္တ၀ါမျိုးကွာ\"
>
> သို့သော် နိုဝင်ဘာလတွင်ကား ကွှန်တော့်စံချိန်အတိုင်း ရစ်အဖိုအမ ခြောက်စုံ
> ကွှန်တော်ရရှိခဲ့ပါသည်။ တကယ် နူးညံ့ အရသာရှိလှသည့် သတ္တ၀ါများပင်။
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to