water touk pi lal mu lo ya dar pe!
jar gyi ya water pe touk tot!
On Aug 31, 9:14 pm, [EMAIL PROTECTED] wrote:
> တောင်ကုန်းကလေးကို ကျော်ပြီးတက်လာတဲ့ ဆရာဘမင်းကို မြင်က တည်းက ချက်ကြီး
> ပျာယာခတ်သွားတယ်၊ ဆရာဘမင်းဆိုတာက ချက်ကြီးတို့တဲကို လာတတ်တယ်ဆိုပေမယ့်
> တလတခါ။ နှစ်လတခါ ဆိုသလိုပါ၊ လာတိုင်း လာတိုင်း ဆရာဘမင်းက သိပ်စကားပြောတာ
> မဟုတ်ပါဘူး။
>
> ချက်ကြီးတို့တဲမှာ ထိုင်မယ်။ အရက်ရှိရင် သောက်မယ်၊ မရှိရင်လည်း
> ရှိတာချကျွေးရင် စားမယ်။ ချက်ကြီးတို့ လင်မယားကို နည်းနည်းပါးပါး
> ဆုံးမမယ်၊ သူ့မှာပါလာတဲ့ စာအုပ်ကိုဖတ်မယ်၊ ဒါမှ မဟုတ် အလွန်
> စိတ်လိုလက်ရရှိရင် စကားနည်းနည်းပြောမယ်၊ ပြောပြန်ရင်လည်း သူ ပြောချင်ရာ
> ပြောတာပါ၊ များသောအားဖြင့် ကတော့ ချက်ကြီးတို့လင်မယား
> နားမလည်နိုင်တာတွေပါပဲ။
>
> ဘာပဲပြောပြော၊ ချက်ကြီးကတော့ ဆရာဘမင်းကို လွှတ်အထင်ကြီး နေတာ သေချာတယ်၊
> ချက်ကြီးကို သုံးလေးခါလောက် ကယ်ခဲ့ဖူး တယ်၊ ဒါကလည်း ရန်ဖြစ်ပြီး ရိုက်တဲ့
> နှက်တဲ့ ကိစ္စတို့။ သူ့မြေ ကိုယ့် မြေ အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့
> ကိစ္စတို့။ ချက်ကြီး မြမေကို ခိုးသွား တုန်းက အချုပ်ခံရတဲ့ ကိစ္စတို့။
> ဒါပါပဲ၊ ဆရာဘမင်းက ကျောင်းဆရာ လေ၊ တောကျောင်းဆရာပေါ့၊ ကြေးစဉ်ရွာက
> ကျောင်းထိုင်ဆရာ တော် ပြီးရင် ရွာမှာ ဆရာဘမင်းက သြဇာအရှိဆုံးပဲ။
>
> ကျောင်းဆရာသက်ပဲ အနှစ်သုံးဆယ်ကျော်လာပြီမဟုတ်လား၊ ဗဟုသုတလည်း
> သိပ်ရှိတယ်လို့ပြောတယ်၊ ဒါက ရွာကလူတွေ ပြောကြ တာပါ၊
> ချက်ကြီးကိုယ်တိုင်ကတော့ ဆရာဘမင်း ဘာဗဟုသုတတွေ ရှိတယ်ဆိုတာ ဂဃနနသိတာ
> မဟုတ်ပါဘူး၊ ဘာပဲပြောပြော ဆရာ ဘမင်းကို ချက်ကြီး လွှတ်အထင်ကြီးတယ်၊
> လွှတ်ရိုသေတယ်။ လွှတ်ကြောက်တယ်၊ ချစ်လည်း ချစ်ပါတယ်၊ ဆရာဘမင်း ချက်ကြီးတို့
> ခြံဝ မရောက်ခင်ကတည်းက အိမ်ရှေ့။ အိမ်ဦးခန်းမှာ ချက်ကြီး သင်ဖျာခင်းပြီး
> ဖြစ်နေပြီ၊ လုံချည်ဟောင်းတထည်နဲ့ ကပျာကယာ ဖုန်ခါပြီး နေပြီ၊ အကြမ်းအိုး
> ပြေးယူပြီး ချထားနှင့်ပြီ၊ မြမေတို့ ရွက်သာဘက် သွားနေလို့ပေါ့၊ နို့မို့
> မြေပဲလေး ကြော်ခိုင်းရ ကောင်းသား။
>
> ဆရာဘမင်း တဲပေါ်တက်လာတော့ ထူးထူးထွေထွေ နှုတ်ဆက်လည်း မနေ။ ဘာမှလည်းမမေးသေး၊
> ခင်းထားတဲ့ သင်ဖျာပေါ်လည်းမထိုင်၊ ကပြင်နဲ့ အိမ်ရှေ့ခန်း အကြား တပေလောက်
> အနိမ့်အမြင့် ဖြစ်နေတဲ့ နေရာလေးမှာပဲ ထိုင်ချလိုက်တယ်၊ ဦးထုပ်ကို
> ချွတ်ပြီး ယပ်ခတ်ရင်း အမောဖြေနေတယ်၊ ဆရာဘမင်းကို ချက်ကြီးက အကြောက်လွန်။
> အရိုအသေလွန်နေတော့ သင်ဖျာပေါ် ထိုင်ပါ ဆရာ။ ဘာညာနဲ့ လောက၀တ်တောင်
> မပြောရဲပါဘူး။ သူ ကြိုက်သလို ထိုင်လိုက်တာ ကိုပဲ ကြည့်နေရတယ်၊ သူ့ကို
> ဘာမှ မပြောသေးဘဲ အချိန်ကြာလာ တော့မှ ကြောက်ကြောက်နဲ့ မေးရတယ်၊“‘ဆရာကြီး
> နေကောင်း တယ်နော်’
> ဒီလို မေးလိုက်ပေမယ့် ဆရာကြီးက ချက်ကြီးကို လှည့်လည်း မကြည့် ဘူး။
> ဖြေလည်းမဖြေပါဘူး၊ သူ့ဟာသူ အမောဖြေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေတယ်၊
> အတော်ကြာမှ
>
> ‘နေကောင်းလို့ မင်းဆီ လာနိုင်တာပေါ့ကွ’
>
> ‘ဟုတ်ကဲ့’
>
> တခါ ဘာမှမပြောဘဲ ငြိမ်နေကြပြန်ရော၊ ခနကြာတော့ ဦးထုပ်ကို ဘေးချလိုက်တယ်၊
> ချက်ကြီးက အဲဒီဦးထုပ်ကို အ၀င်ဝဘေးက စင်မြင့်ကလေးပေါ် တင်ပေးထားဖို့
> စဉ်းစားသေးတယ်၊ ဒါပေမယ့် ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး၊ အိမ်ရဲ့
> အလယ်တိုင်နားမှာ ခပ်ရို့ရို့ကလေး ထိုင်ချလိုက်တယ်၊ ဒီတော့မှ ဆရာဘမင်းဆီက
> အသံထွက်လာပြန်တယ်၊
>
> ‘မြမေရော’
>
> ‘ဟုတ်ကဲ့။ မနေ့က သူ့အရီးလေး လမ်းကြုံလို့ ၀င်လာရင်း..’
>
> ‘မြမေ အိမ်မှာ ရှိမရှိသာ ဖြေစမ်းပါကွာ’
>
> ‘ဟုတ်ကဲ့။ မရှိဘူးခင်ဗျ’
>
> ‘မင်းဆီမှာ အရက်ရှိလား’
>
> ‘အဲ…ကျွန်တော်လည်း သတိတော့ရသား။ ဒါပေမယ့်’
>
> ‘ရှိသလား။ မရှိဘူးလား မေးတာပါကွာ’
>
> ‘ဟုတ်ကဲ့။ မရှိဘူးဆရာ။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံ’
>
> ‘မလိုပါဘူးကွာ။ ပိုက်ဆံကတော့ ငါ့လည်း ပါပါတယ်’
>
> ‘ကျွန်တော် ကျွန်တော် သွားဝယ်လိုက်မယ်လေ ဆရာ’
>
> ‘နေပါစေကွာ။ သွားရမှာ ဝေးလိုက်တာ။ နေကလည်း ပူသေး။ ပြီးတော့ ငါက
> မစောင့်နိုင်ဘူးကွ’
>
> ‘ဟုတ်ကဲ့’
>
> ဆရာဘမင်းက ဒါဆို ဒါပဲ။ အထွန့်မတက်နဲ့။ သူက ကြိုက်တာမဟုတ်ဘူး၊
> ချက်ကြီးလည်း သတိကြီးကြီးနဲ့ ငြိမ်နေလိုက်ရ တယ်။ ဆရာဘမင်းက အပြင်မှာ
> နေပူနေတာကို ခဏကြည့်နေသေးတယ်။ ပြီးမှ
>
> ‘မင်းဆီမှာ အရက်ပုလင်းခွံရော ရှိလား’
>
> ‘ဟုတ်ကဲ့။ ရှိပါတယ်’
>
> ‘ပေးစမ်း’
>
> ချက်ကြီးက အရက်ပုလင်းအလွတ်ကို အမြန်ဆုံးယူပေးလိုက်တယ်၊ တော်ပါသေးရဲ့။
> ပုလင်းက ဆေးပြီးကြောပြီးသား။ သန့်သန့်ရှင်းရှင်းပဲ၊ ဒါပေမယ့် ဆရာဘမင်းက
> သေသေချာချာ ပြန်ကြည့်သေးတယ်၊ ပြီးတော့မှ ရေအိုးစင်ရှိရာကို သူ့ဟာသူ
> ထသွားတယ်၊ ချက်ကြီးလည်း ဘာမှ ၀င်မပြောရဲတော့ ဒီအတိုင်းကြည့်နေရတယ်၊
> ဆရာဘမင်းက အရက်ပုလင်းထဲကို ရေအိုးစင်က ရေတွေ အပြည့်ထည့်လိုက်တယ်၊
> ပြီးတော့မှ သူ့နေရာသူ ပြန်ထိုင်တယ်၊ အရက်ပုလင်းကို သေသေ ချာချာ
> စူးစူးစိုက် စိုက် ကြည့်တယ်၊ နောက်ပြီး ပုလင်းဝကနေ နမ်းကြည့်တယ်၊ အရက်စစ်
> မစစ် နမ်းကြည့်တဲ့ဟန်ပဲ၊ ပြီးတော့မှ ချက်ကြီးကို လှမ်းကြည့်ပြီး…
>
> ‘ပေးစမ်း။ အဲဒီ ထင်ရှူးသတ္တာလေး၊ ဒီနားယူခဲ့’
>
> ချက်ကြီးက ဆပ်ပြာသေတ္တာငယ်လေးကို ယူပြီး ရွှေ့ပေးလိုက်ရတယ်၊ ဒီတော့
> ဆရာဘမင်းက ပုလင်းဝကို ထပ်ပြီး နမ်းကြည့်ပြန်တယ်၊ ပြီးတော့မှ
> သေတ္တာလေးပေါ်ကို ပုလင်းကို တင်လိုက်တယ်၊
>
> ‘မင်းမှာ ဘာမြည်းစရာရှိသလဲ’
>
> ‘ရှိတယ်ခင်ဗျ။ ပဲလှော်ကြော်ကို ကြက်သွန်နဲ့ သုပ်လိုက်မယ်’
>
> ‘အေး..ကောင်းတယ်။ ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက်လည်း ယူခဲ့ကွာ’
>
> ‘ဟုတ်ကဲ့’
>
> ချက်ကြီး တတ်နိုင်သမျှ မြန်အောင်လုပ်ပေးပါတယ်၊ ပဲလှော်ကြော်သုပ်ကို
> ချပေးနေတုန်း…
>
> ‘ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက် မြန်မြန်လုပ်ကွာ’
>
> ‘ဟုတ်ကဲ့’
>
> ချက်ကြီး ခုမှ စဉ်းစားမိတယ်၊ ရေပုလင်းလည်း ရှိနေပြီ၊ နောက်ထပ်လည်း
> ရေထည့်ဖို့ မတ်ခွက်ပေးဦးဆိုတော့ ဘယ်လိုလဲ၊ ဘာမှ စဉ်းစားမနေနဲ့။ ဆရာက
> ပေးဆို ပေးလိုက်။ စကားရှည်မနေနဲ့။
>
> ‘ဖန်ခွက်ဟောင်းလေးနဲ့ ရေထည့်ဖို့ မတ်ခွက်ကို ယူလာခဲ့တော့။ လုပ်ကွာ
> မြန်မြန်။ မတ်ခွက်ထဲ ရေထည့်စမ်း’
>
> ‘ဟုတ်ကဲ့’
>
> ချက်ကြီး ရေခပ်အပြီး လှည့်ကြည့်တော့။ ဆရာဘမင်းက ပုလင်းထဲ ကရေကို
> ဖန်ခွက်ဟောင်းလေးထဲ ဂရုတစိုက်ငှဲ့ထည့်နေပြီ၊ သူ့ကြည့်ရတာ အရက်ငှဲ့နေတဲ့
> အတိုင်းပါပဲ၊ တကယ်တော့ ရယ်စရာကြီး၊ ဒါပေမယ့် ချက်ကြီးမှာတော့ ရယ်ဖို့
> သတိတောင် မရပါဘူး၊ ချက်ကြီးအဖို့ ဆရာဘမင်း မေးရင် ဖြေလိုက်။ ခိုင်းရင်
> လုပ်လိုက်။ တောင်းရင် ပေးလိုက်၊ ဘာမှ အထွန့်တက်မနေနဲ့၊ အထွန့်တက်မိလို့
> အငေါက်ခံရပေါင်းလည်း များလှပြီ၊ သူပြောတဲ့ အတိုင်း လျှောက်လုပ်လို့
> အကျိုးခံစားရပေါင်းလည်း များလှပြီ၊
> မတ်ခွက်ကို ချပေးနေတုန်း ဆရာဘမင်းက ဖန်ခွက်ကို နှုတ်ခမ်းတေ့ပြီး
> စသောက်ပါတယ်၊ ချက်ကြီး သေသေချာချာ သတိထားမိပါတယ်၊ ဆရာဘမင်းဟာ
> အတော်ပြင်းတဲ့ ချက်အရက်ကို သတိနဲ့ သောက်နေတဲ့ပုံ၊ တကယ့်အပီပဲ အဲဒီလို
> မော့ချပြီးတဲ့နောက် ချက်ချင်းဆိုသလို မတ်ခွက်ထဲက ရေတကျိုက်ကို ကပျာကယာ
> သောက်ချလိုက်ပါတယ်၊ ဘယ်လိုလဲ။ ရေနဲ့ရေနဲ့ရောသောက်နေတာ။ ဒါပေမယ့်
> ချက်ကြီးမှာ အံ့သြတဲ့ အမူအရာတောင် မပြရဲပါဘူး၊
> ရွေ့ရွေ့နဲ့ အလယ်တိုင်နား ပြန်လာပြီး ထိုင်နေလိုက်ရတယ်၊
> ဆရာဘမင်းက ပဲလှော်ကြော်သုပ်ကို စမြည်းနေပြီ၊
>
> ‘ချက်ကြီး။ မင်း ဘာလုပ်စရာရှိလဲ လုပ်။ လုပ်။ မင်းလုပ်စရာ ရှိတာသာလုပ်။
> ငါတော့ အိုကေသွားပြီ’
>
> ‘ဟုတ်ကဲ့’
>
> ချက်ကြီး ခပ်မြန်မြန်ပဲ အိမ်နောက်ဘက်ကို ထွက်ခဲ့တယ်၊ နေစမ်းပါဦး။ ဆရာ
> ဘမင်းက ဘယ်လိုလဲ၊ ပုလင်းထဲမှာ ကျန်နေတဲ့ အရက်နံ့ ကလေးနဲ့ ရေနဲ့ရောပြီး
> ရသေ့စိတ်ဖြေ လုပ်နေတာလား၊ ဒါလည်း မဖြစ်နိုင်ပါဘူး၊ ပုလင်းက မြမေ
> ဆေးထားလို့ အရက်နံ့လည်း မရှိပါဘူး၊ စောစောက နမ်းတောင်ကြည့်မိသေးတာပဲ၊
> ထားပါလေ၊ သူ့ဟာသူ ဘာလုပ်လုပ်ပေါ့၊ ဆရာဘမင်း လုပ်နေတာတွေကို အလျင်ကလည်း
> ချက်ကြီး နားမလည်ခဲ့တာ များပါတယ်။
>
> ပြောလို့သာ ပြောရတယ်၊ ချက်ကြီး အိမ်တွင်းအိမ်ပြင် လုပ်စရာရှိတာ
> ဆက်လုပ်ရင်း ဆရာဘမင်းကို လှမ်းလှမ်းကြည့်မိတာတော့ အမှန်ပဲ၊
> ဆရာဘမင်းကတော့ မှန်မှန်ပဲ၊ ပုလင်းထဲက ဖန်ခွက်ထဲကို ငှဲ့လိုက်၊
> မော့ချလိုက်၊ မတ်ခွက်ထဲကရေကို မျှောချလိုက်။ ပဲလှော်ကြော် စားလိုက်နဲ့၊
> သူ့ဟာသူတော့ မိနေတာပဲ၊ တခုတော့ ရှိတယ်နော်၊ ပုလင်းတ၀က်လောက်လည်း
> ကျိုးရော။ ဆရာဘမင်းရဲ့ မျက်နှာကြီး တခုလုံးဟာ နီရဲလာတယ်၊
> မျက်ထောင့်တွေလည်း နီလာတယ်၊ ချက်ကြီးတော့ ဘယ်လိုမှကို နားမလည်တော့ဘူး၊
> ကြာတော့ ဆရာဘမင်း သောက်နေတာကိုကြည့်ပြီး သူ့ဟာသူလည်း တံတွေး
> မျိုချနေမိတယ်၊ သူ့ကိုယ်သူ သတိထားမိသလား။ မထားမိလားတော့ မပြောတတ်ဘူး၊
> နာရီဝက်လောက်ကြာတော့ တပုလင်း ပြတ်တာပဲ
>
> ‘ချက်ကြီးရေ’
>
> ‘ခင်ဗျာ’
>
> ‘လာစမ်းပါဦးကွာ။ နောက်တပုလင်း ထပ်ထည့်စမ်းပါဦး’
>
> ‘ဟုတ်ကဲ့’
>
> ပုလင်းထဲကို သောက်ရေအိုးထဲကရေတွေ ဖြည့်ပေးနေတုန်း ချက်ကြီး
> နည်းနည်းစဉ်းစားကြည့်သေးတယ်၊ ဘာစဉ်းစားလို့ရမှာလဲ။ ဒီကောင်
> ဘာကောင်မို့လို့ ဒါတွေနားလည်နိုင်မှာလဲ၊ မလိုပါဘူး။ စဉ်းစားစရာလည်း
> မလိုပါဘူး။
>
> ချက်ကြီးက ပုလင်းကို ထင်းရှူးသေတ္တာပေါ်ပြန်ချပေးတာ နည်းနည်း ကရော်ကမည်
> ဖြစ်သွားတယ်၊ နည်းနည်းပါ၊ ဒါပေမယ့်…
>
> ‘ခွေးမသား’
>
> ဟော…ကြည့်၊ ဆရာဘမင်းက ချက်ကြီးကို စဆဲပြီ၊ ဒါကိုတော့ ချက်ကြီး
> ကောင်းကောင်းသိတယ်၊ ဆရာဘမင်းမူးပြီဆိုရင် အဆဲကလေး ပါလာတတ်တယ်၊ မမူးရင်
> ဘယ်တော့မှမဆဲဘူး၊ ခုဆဲပြီ။ သေချာတာပေါ့၊ ဆရာဘမင်း မူးနေပြီ။ မူးတာမှ
> တော်တော်မူးနေပြီ၊ ခက်တာက ဘာသောက်ပြီး ဘာကြောင့်မူးရမှာလဲ၊ ဒါလဲ
> ချက်ကြီးဘယ်သိမလဲ၊ ဘာဖြစ်ဖြစ်လေ။ သူ့ဟာသူ ဘာကြောင့်မူးမူး သူကျေနပ်ရင်
> ပြီးတာပဲမဟုတ်လား၊
>
> ချက်ကြီး ကြာကြာ ဦးနှောက်ခြောက်စရာ မလိုပါဘူး၊ ဆရာဘမင်း ခနသာ
> ဆက်သောက်လိုက်ရတယ်၊ ပုလင်းတ၀က်ကျိုးသွားပြန်တယ်၊ ပဲလှော်ကြော်သုတ်လည်း
> သံပန်းကန်ပြား တ၀က်ကျော် ပြုတ်သွားပြီ၊ ဘာအဆက်အစပ်မှမရှိဘဲ ချက်ကြီးကို
> ခွေးမသား ခွေးမသားနဲ့ သုံးလေးခွန်းဆဲပြီးပြီ၊ မျက်လုံးတွေလည်း အတော်ကြီး
> ရီဝေနေပြီ၊ ဘေးမှာချထားတဲ့ ဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး ဆရာဘမင်း
> နေရာက ထလိုက်တယ်၊ ဖျတ်ခနဲ ရုတ်တရက် ထလိုက်လို့လားတော့ မပြောတတ်ဘူး။
> ယိုင်တောင်သွားလိုက်သေး၊ ကောင်းကောင်း မတ်တတ်ရပ်မိပြီဆိုတော့
> မျက်ထောင့်နီကြီးနဲ့ ချက်ကြီးကို ကြည့်တယ်၊ ချက်ကြီးလည်း ဘာပြောမလဲ။
> ဘာတောင်းမလဲဆိုပြီး ပြန်ကြည့်ရင်း စောင့်နေရတယ်၊
> ဘာမှမပြောပါဘူး၊ ဘာမှလည်း မတောင်းပါဘူး၊ ဖျတ်ခနဲ လှည့်ပြီး ချက်ကြီး
> အိမ်ပေါ်က ဆင်းလိုက်တယ်၊
>
> ‘သွားမယ်ကွာ’
>
> ‘ဟုတ်ကဲ့ခင်ဗျ’
>
> ဆရာဘမင်းဟာ ယိုင်တိုင် ယိုင်တိုင်နဲ့ ထွက်သွားတယ်၊ ခြံဝမှာ ယိုင်သွားလို့
> ခြံတိုင်ကို ကိုင်ထားလိုက်ရသေးတယ်၊ ခနနေမှ သူကိုယ်သူ
> အနိုင်နိုင်ထိန်းရင်း ထွက်သွားတယ်။
>
> တောင်ကုန်းကလေးကို ကျော်တော့မယ့်အချိန်မှာ သိုင်းကွက်တောင်
> နင်းသွားသေးတယ်။ ဆရာဘမင်း တောင်ကုန်းတဖက်ကို ရောက်ပြီး
> ပျောက်သွားတဲ့အချိန်မှာ ချက်ကြီး သက်ပြင်းမချမိပါဘူး၊ ဘယ်
> သက်ပြင်းချနိုင်မလဲ။ ကပျာကယာ ပုလင်းလက်ကျန်ရှိရာကို ပြေးရ တာကိုး။
>
> ပုလင်းက တ၀က်တောင်ကျန်သေးတာပဲ။ ချက်ကြီးလည်း အာခေါင် ခြောက်နေတာကို
> စိတ်ရှည်ရှည်နဲ့ ထိန်းရင်း တခွက်ငှဲ့သောက် လိုက်တယ်၊ မတ်ခွက်ထဲက ရေနဲ့
> မျှောချလိုက်။ အမြည်းစားလိုက်နဲ့ လက်ကျန်ကို ရှင်းနေတယ်၊
> ဘာမှမကြာလိုက်ပါဘူး။ ပုလင်းလည်း ကုန်။ ပဲလှော်ကြော်ပန်းကန်လည်း ပြောင်။
> မတ်ခွက်ထဲက ရေတောင် မကျန်ဘူး။
>
> ခနနေတော့ မြမေလည်း ပြန်ရောက်လာတယ်၊ အမြဲတမ်း မိန်းမ ကြောက်ရတဲ့ ချက်ကြီးက
> မူးပြီးဆဲလို့တဲ့။ လင်မယားနှစ်ယောက် ရန်ဖြစ်လိုက်ကြတာ ချက်ကြီး
> နောက်စေ့ကွဲသွားမှ ပွဲပြီးသွားဆိုပဲ၊ ၊
>
> ၁၉၉၀ ခုနှစ်။ ဇွန်။ မဟေသီမှ
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---