haha ..
kg lite tae`. muu nee kwar jar kyi ..
a di ka ka sate pal so tar ...
ae dar ko pyaw tar fit mal :)

On Aug 31, 9:31 am, kyukyu <[EMAIL PROTECTED]> wrote:
> water touk pi lal mu lo ya dar pe!
> jar gyi ya water pe touk tot!
>
> On Aug 31, 9:14 pm, [EMAIL PROTECTED] wrote:
>
> > တောင်ကုန်းကလေးကို ကျော်ပြီးတက်လာတဲ့ ဆရာဘမင်းကို မြင်က တည်းက ချက်ကြီး
> > ပျာယာခတ်သွားတယ်၊ ဆရာဘမင်းဆိုတာက ချက်ကြီးတို့တဲကို လာတတ်တယ်ဆိုပေမယ့်
> > တလတခါ။ နှစ်လတခါ ဆိုသလိုပါ၊ လာတိုင်း လာတိုင်း ဆရာဘမင်းက သိပ်စကားပြောတာ
> > မဟုတ်ပါဘူး။
>
> > ချက်ကြီးတို့တဲမှာ ထိုင်မယ်။ အရက်ရှိရင် သောက်မယ်၊ မရှိရင်လည်း
> > ရှိတာချကျွေးရင် စားမယ်။ ချက်ကြီးတို့ လင်မယားကို နည်းနည်းပါးပါး
> > ဆုံးမမယ်၊ သူ့မှာပါလာတဲ့ စာအုပ်ကိုဖတ်မယ်၊ ဒါမှ မဟုတ် အလွန်
> > စိတ်လိုလက်ရရှိရင် စကားနည်းနည်းပြောမယ်၊ ပြောပြန်ရင်လည်း သူ ပြောချင်ရာ
> > ပြောတာပါ၊ များသောအားဖြင့် ကတော့ ချက်ကြီးတို့လင်မယား
> > နားမလည်နိုင်တာတွေပါပဲ။
>
> > ဘာပဲပြောပြော၊ ချက်ကြီးကတော့ ဆရာဘမင်းကို လွှတ်အထင်ကြီး နေတာ သေချာတယ်၊
> > ချက်ကြီးကို သုံးလေးခါလောက် ကယ်ခဲ့ဖူး တယ်၊ ဒါကလည်း ရန်ဖြစ်ပြီး ရိုက်တဲ့
> > နှက်တဲ့ ကိစ္စတို့။ သူ့မြေ ကိုယ့် မြေ အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့
> > ကိစ္စတို့။ ချက်ကြီး မြမေကို ခိုးသွား တုန်းက အချုပ်ခံရတဲ့ ကိစ္စတို့။
> > ဒါပါပဲ၊ ဆရာဘမင်းက ကျောင်းဆရာ လေ၊ တောကျောင်းဆရာပေါ့၊ ကြေးစဉ်ရွာက
> > ကျောင်းထိုင်ဆရာ တော် ပြီးရင် ရွာမှာ ဆရာဘမင်းက သြဇာအရှိဆုံးပဲ။
>
> > ကျောင်းဆရာသက်ပဲ အနှစ်သုံးဆယ်ကျော်လာပြီမဟုတ်လား၊ ဗဟုသုတလည်း
> > သိပ်ရှိတယ်လို့ပြောတယ်၊ ဒါက ရွာကလူတွေ ပြောကြ တာပါ၊
> > ချက်ကြီးကိုယ်တိုင်ကတော့ ဆရာဘမင်း ဘာဗဟုသုတတွေ ရှိတယ်ဆိုတာ ဂဃနနသိတာ
> > မဟုတ်ပါဘူး၊ ဘာပဲပြောပြော ဆရာ ဘမင်းကို ချက်ကြီး လွှတ်အထင်ကြီးတယ်၊
> > လွှတ်ရိုသေတယ်။ လွှတ်ကြောက်တယ်၊ ချစ်လည်း ချစ်ပါတယ်၊ ဆရာဘမင်း ချက်ကြီးတို့
> > ခြံဝ မရောက်ခင်ကတည်းက အိမ်ရှေ့။ အိမ်ဦးခန်းမှာ ချက်ကြီး သင်ဖျာခင်းပြီး
> > ဖြစ်နေပြီ၊ လုံချည်ဟောင်းတထည်နဲ့ ကပျာကယာ ဖုန်ခါပြီး နေပြီ၊ အကြမ်းအိုး
> > ပြေးယူပြီး ချထားနှင့်ပြီ၊ မြမေတို့ ရွက်သာဘက် သွားနေလို့ပေါ့၊ နို့မို့
> > မြေပဲလေး ကြော်ခိုင်းရ ကောင်းသား။
>
> > ဆရာဘမင်း တဲပေါ်တက်လာတော့ ထူးထူးထွေထွေ နှုတ်ဆက်လည်း မနေ။ ဘာမှလည်းမမေးသေး၊
> > ခင်းထားတဲ့ သင်ဖျာပေါ်လည်းမထိုင်၊ ကပြင်နဲ့ အိမ်ရှေ့ခန်း အကြား တပေလောက်
> > အနိမ့်အမြင့် ဖြစ်နေတဲ့ နေရာလေးမှာပဲ ထိုင်ချလိုက်တယ်၊ ဦးထုပ်ကို
> > ချွတ်ပြီး ယပ်ခတ်ရင်း အမောဖြေနေတယ်၊ ဆရာဘမင်းကို ချက်ကြီးက အကြောက်လွန်။
> > အရိုအသေလွန်နေတော့ သင်ဖျာပေါ် ထိုင်ပါ ဆရာ။ ဘာညာနဲ့ လောက၀တ်တောင်
> > မပြောရဲပါဘူး။ သူ ကြိုက်သလို ထိုင်လိုက်တာ ကိုပဲ ကြည့်နေရတယ်၊ သူ့ကို
> > ဘာမှ မပြောသေးဘဲ အချိန်ကြာလာ တော့မှ ကြောက်ကြောက်နဲ့ မေးရတယ်၊“‘ဆရာကြီး
> > နေကောင်း တယ်နော်’
> > ဒီလို မေးလိုက်ပေမယ့် ဆရာကြီးက ချက်ကြီးကို လှည့်လည်း မကြည့် ဘူး။
> > ဖြေလည်းမဖြေပါဘူး၊ သူ့ဟာသူ အမောဖြေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေတယ်၊
> > အတော်ကြာမှ
>
> > ‘နေကောင်းလို့ မင်းဆီ လာနိုင်တာပေါ့ကွ’
>
> > ‘ဟုတ်ကဲ့’
>
> > တခါ ဘာမှမပြောဘဲ ငြိမ်နေကြပြန်ရော၊ ခနကြာတော့ ဦးထုပ်ကို ဘေးချလိုက်တယ်၊
> > ချက်ကြီးက အဲဒီဦးထုပ်ကို အ၀င်ဝဘေးက စင်မြင့်ကလေးပေါ် တင်ပေးထားဖို့
> > စဉ်းစားသေးတယ်၊ ဒါပေမယ့် ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး၊ အိမ်ရဲ့
> > အလယ်တိုင်နားမှာ ခပ်ရို့ရို့ကလေး ထိုင်ချလိုက်တယ်၊ ဒီတော့မှ ဆရာဘမင်းဆီက
> > အသံထွက်လာပြန်တယ်၊
>
> > ‘မြမေရော’
>
> > ‘ဟုတ်ကဲ့။ မနေ့က သူ့အရီးလေး လမ်းကြုံလို့ ၀င်လာရင်း..’
>
> > ‘မြမေ အိမ်မှာ ရှိမရှိသာ ဖြေစမ်းပါကွာ’
>
> > ‘ဟုတ်ကဲ့။ မရှိဘူးခင်ဗျ’
>
> > ‘မင်းဆီမှာ အရက်ရှိလား’
>
> > ‘အဲ…ကျွန်တော်လည်း သတိတော့ရသား။ ဒါပေမယ့်’
>
> > ‘ရှိသလား။ မရှိဘူးလား မေးတာပါကွာ’
>
> > ‘ဟုတ်ကဲ့။ မရှိဘူးဆရာ။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံ’
>
> > ‘မလိုပါဘူးကွာ။ ပိုက်ဆံကတော့ ငါ့လည်း ပါပါတယ်’
>
> > ‘ကျွန်တော် ကျွန်တော် သွားဝယ်လိုက်မယ်လေ ဆရာ’
>
> > ‘နေပါစေကွာ။ သွားရမှာ ဝေးလိုက်တာ။ နေကလည်း ပူသေး။ ပြီးတော့ ငါက
> > မစောင့်နိုင်ဘူးကွ’
>
> > ‘ဟုတ်ကဲ့’
>
> > ဆရာဘမင်းက ဒါဆို ဒါပဲ။ အထွန့်မတက်နဲ့။ သူက ကြိုက်တာမဟုတ်ဘူး၊
> > ချက်ကြီးလည်း သတိကြီးကြီးနဲ့ ငြိမ်နေလိုက်ရ တယ်။ ဆရာဘမင်းက အပြင်မှာ
> > နေပူနေတာကို ခဏကြည့်နေသေးတယ်။ ပြီးမှ
>
> > ‘မင်းဆီမှာ အရက်ပုလင်းခွံရော ရှိလား’
>
> > ‘ဟုတ်ကဲ့။ ရှိပါတယ်’
>
> > ‘ပေးစမ်း’
>
> > ချက်ကြီးက အရက်ပုလင်းအလွတ်ကို အမြန်ဆုံးယူပေးလိုက်တယ်၊ တော်ပါသေးရဲ့။
> > ပုလင်းက ဆေးပြီးကြောပြီးသား။ သန့်သန့်ရှင်းရှင်းပဲ၊ ဒါပေမယ့် ဆရာဘမင်းက
> > သေသေချာချာ ပြန်ကြည့်သေးတယ်၊ ပြီးတော့မှ ရေအိုးစင်ရှိရာကို သူ့ဟာသူ
> > ထသွားတယ်၊ ချက်ကြီးလည်း ဘာမှ ၀င်မပြောရဲတော့ ဒီအတိုင်းကြည့်နေရတယ်၊
>
> ...
>
> read more »
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to