ကျွန်တော်တို့ နယ်မြို့လေးမှာ အင်တာနက်ရမှပဲ လူငယ်တွေ တော်တော်များများ အလုပ်ကို ဖြစ်လို့ နေ့စဉ်ရက်ဆက် chatting ထိုင်ရတာ မရိုးနိုင်အောင် ပဲ တစ်ချို့ဆို ထမင်းမေ့ဟင်းမေ့ တစ်ချို့လူငယ်တွေကျတော့ ကျူရှင်ကို ပန်းပြပြီး အိမ်ကို ပုံစံအမျိုးမျိုးနဲ့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် အကြောင်းပြချက်လေးတွေပေးပြီ အင်တင်နက်ဆိုင်မှာ အချိန်ကုန်ရတာလည်း မမြင်ချင်မှအဆုံး အလုပ်လုပ်နေတဲ့ သူတွေလည်း ကိုယ့်အလုပ်ချိန်ပြီးရင် ညနေခင်း တစ်နေ့တစ်ခေါက်လောက် ထိုင်ရမှ စားဝင်အိပ်ပျော်မှာ chatting မထိုင်လိုက်ရတဲ့နေ့တွေဆို တစ်ခုခု လိုနေသလိုကို ခံစားနေရတယ် သူများတော့မသိပါ ကျွန်တော်ကတော့ ဒီလို ခံစားချက်တွေကို ကိုယ်တွေ့ ခံစားရလို့ပါ အင်တာနက်ကနေ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ တစ်ချို့ဆို ဟိုးအဝေးကြီးမှာ ကျွန်တော့် ဒီတစ်သက် ဘယ်တော့မှ သွားနိုင်မှာ မဟုတ်တဲ့နေရာတွေမှာ နေကြတာ ဒါပေမဲ့ဘယ်လောက်ဝေးဝေး ခင်မင်မှုကတော့ နီးနီးလေးပဲလို့ထင်တယ် အဲဒီလောက်ထိကို internet ကအသုံးဝင်လို့ ကျွန်တော်တို့တွေ မျက်စိပွင့်နားပွင့်ရတာပါ တစ်ယောက်နဲ့တစ်ယောက် လိုင်းပေါ်မှာ မတွေ့ရင် ဘာဖြစ်တာလဲဆိုပြီး message တွေ voice mail တွေ ပို့ရနဲ့ အလုပ်ကိုဖြစ်လို့ တာတောင်တစ်ရက်ကလေးပဲမတွေ့တာနော် လနဲ့ချီပြီးမတွေ့ရင်တော့ Google က လက်တောင်လည်မှာ မဟုတ်ဘူး သီချင်းတွေ download လုပ်ရတာနဲ့ ဘာmessage တွေချန်ထားမလဲဆိုပြီး mail box ထဲဝင်ကြည့်ရတာနဲ့ ပျော်စရာတော့ အလွန်ကောင်းပါတယ်
ဒီလိုနဲ့ တစ်ညနေခင်းမှာ ကျွန်တော် အင်တာနက်ဆိုင်ကို ၀င်ဖြစ်တယ် ညနေခင်းဆိုတော့ လူလည်းတော်တော် ပြည့်တယ် ဆိုင်ထဲကို ၀င်သွားတော့ လူတွေက ခါတိုင်းထက်ပိုများတယ်ထင်တယ် ဘယ်ဟုတ်မလဲ လူကများပေမဲ့ ထိုင်ခုံအလွှတ်တွေချည်းပဲ အဲဒါနဲ့ ကျွန်တော်လည်း သင့်တော်မယ် ထင်တဲ့နေရာလေး တစ်ခု ကိုရွှေးခြယ်ပြီးထိုင်ဖို့ပြင်တုန်း ကောင်လေးတစ်ယောက် က လူရှိတယ်နော်တဲ့ ကျွန်တော့်ကို လှမ်းပြီးအော်ပြောတယ် အဲဒါနဲ့ ကျွန်တော်လည်း တစ်ခြားဘယ်စက်လွှတ်မလဲ ဆိုပြီး မှန်းပြီး သွားထိုင်လိုက်တယ် ဒီတစ်ခါ လာပြောတဲ့လူမရှိတော့ဘူး အိုကေပြီ ဆိုပြီး ထိုင်လိုက်တယ် ဆိုင်ရှင်လည်း ဘယ်ရောက်နေလဲမသိဘူး ကိုယ့်ဟာကိုပဲ နေရာရွှေးပြီးထိုင်တာ ပြီးမှသူတို့က စာရင်းမှတ်တာ အစတော့ ကျွန်တော်လည်း ကိုယ့် account ကိုဖွင့်ချင်စောနဲ့ ဘာမှ ဂရုမစိုက်မိဘူး account ဖွင့်ပြီး စစ်စရာရှိတဲ့ mail တွေစစ်ပြီး တစ်ခြား website တွေကိုဖွင့်ကြည့်လိုက်တယ် အဲဒီချိန်ထိ သတိမပြုမိသေးဘူး ပြီးမှ ကိုယ့်မျက်စိကို pc ရှေ့ကနေ ခဏခွာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခုနက လူရှိတယ်လို့ပြောတဲ့ကောင်လေးတစ်ယောက် ခုထိသူ့နေရာလာမထိုင်သေးပဲ တစ်ဖက်က တစ်ခြားသူရဲ့ (သူတို့ ဘော်တာတွေထဲကပဲ) PC မှာ ၀ိုင်းအုံ ပြီးကြည့်နေတယ် ကြည့်တာမှ ရိုးရိုးမကြည့်ဘူး မျက်နှာက monitor ထဲဝင်သွားမလားအောက်မေ့ရတယ် ကျွန်တော်လည်း နဲနဲစိတ်ဝင်စားလာတယ်ဆိုပါတော့ အဲဒါနဲ့ မသိမသာပဲ လှမ်းကြည့်လိုက်တယ် အားပါးပါး……….မြင်ရတဲ့မြင်ကွင်းက ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်စရာဖြစ်သွားတယ် သေချာတာတော့ ကျွန်တော့်လိပ်ပြာတောင် လန့်သွားသလားပဲ........... အိပ်မက်လားပေါ့ မျက်လုံးကိုပွတ်ပြီး ထပ်ကြည့်လိုက်တယ် အိပ်မက်မဟုတ်ပါ အမှန်အကန် ISO လက်မှတ်ရထားသလိုပါပဲ ………………. မချောလေးတစ်ယောက် ကိုယ့်အရှက်နဲ့သိက္ခာ ကိုမှ မငဲ့ပဲ VZO account ထဲကနေ တစ်ဖက်က သူ့ကောင်လေးကို တစ်ခုပြီးတစ်ခု လုပ်ပြနေတယ် ရုပ်လေးက ချစ်စရာလေးပါ မိကောင်းဖခင်သားသမီးထဲကလို့ယူဆလို့ရတယ် ဒါပေမဲ့ အကျင့်ကတော့ အေးလေ သူ့ကောင်လေးကလည်း ဘာပြောထားလည်းမှ ကိုယ်မှ မသိပဲ ဒီဘက်က မောင်မင်းကြီးသားတွေလည်း မျောက်ပွဲကြည့်သလိုကို ကြည့်နေကြတာ အတုအပ သတိပြုပါလို့ ကြော်ငြာစရာမလိုဘူး အဲဒါ အင်တာနက်ခေတ်ကြီးလို့ ခေါ်ပါသလားခင်ဗျား…………… အင်တာနက်ထဲက ညစ်ညမ်းတဲ့ website ကြီးကိုပိတ်ထားလို့ရပေမဲ့ ဒီလို အင်တာနက် ကဝေမလေး များကို ဘယ်လိုမျိုး ဆင်ဆာ ဖျက်ရမလဲ မလုပ်ပါနဲ့လို့ ဘယ်သူကတားလို့ရလဲ “ဘယ်သူမပြုမိမိမှု“ ဆိုသလိုမျိုးပဲ ကိုယ်လုပ်ရင်ကိုယ်ပဲခံရမှာလို့ ပြောပေမဲ့ နှမချင်း စာနာမှုနဲ့………………………. မိန်းကလေးများအနေအထိုင် ဆင်ခြင် ကြပါလို့ပြောချင်ပါတယ်ခင်ဗျား ကိုယ်က ဗုဒ္ဓဘာသာနိုင်ငံ သာသာ သာသနာ ထွန်းကားတဲ့ နိုင်ငံမှာ နေထိုင်တယ်ဆိုတာလည်း နဲနဲလေး သတိထားမိတန်ကောင်းပါရဲ့ ဒီလို အပြုအမူမျိုးက ဘယ်မိကောင်းဖခင် သားသမီးမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့တော့ ကျွန်တော် ထင်မြင်မိပါတယ်ခင်ဗျား ဒါကကျွန်တော်တို့ ကိုယ်တွေ့ပါ ကောင်လေးတွေကို မာယာ အမျိုးမျိုး သုံးပြီး လှည့်စားတဲ့ နည်းတွေ ထဲမှာ ဒီစက်ဆုတ် ရွှံ့စရာကောင်းတဲ့ နည်းကို ရှောင်စေချင်ပါတယ် ……….. အော်………. ဒါက အင်တာနက်ခေတ်ကြီးထဲရောက်နေပြီကိုး ဒီလောက်တော့ရှိမှာပေါ့ လို့ဆိုချင်ရင်လည်း ဆိုပါ ကျွန်တော့်အနေနဲ့မရောက်တာကမှ အကောင်းဆုံးလို့တော့ ထင်မြင်မိပါတယ် ဒီလိုတာတွေ့နေ မြင်နေရရင်တော့ ဒီကြောက်စရာ ကောင်းတဲ့ခေတ်ကြီးထဲကို မရောက်ချင်တာမမှန်ပါ အင်တာနက်ရလို့ လူငယ်တွေ မျက်စိပွင့် နားပွင့်ရတာတော့ ကျွန်တော် ၀မ်းသာမိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကြီး ကို သူများကဲ့ရဲ့မယ့် အဖြစ်မျိုးကိုတော့ မမြင်စေမရောက်စေချင်ပါ တွေးမိတိုင်း ရင်ထဲမှာ အလုံးကြီးတစ်ခုဆို့နေသလို ခံစားရလွန်းလို့ internet အသုံးပြုမဲ့ ညီအစ်ကိုမောင်နှမများ အထူးသဖြင့် မိန်းကလေးများကို ခုလို အပြုအမူမျိုး မလုပ်မိကြဖို့နဲ့ ခေတ်ရေစီးကြောင်းထဲကို သိက္ခာ ရှိရှိလိုက်ကြပါစို့လို့ သတိပေးရင်း ဒီစာကိုရေးဖြစ်တာပါ အားလုံးစဉ်းစားဆင်ခြင်နိုင်ကြပါစေလို့မျှော်လင့်ရင်း ……………………………. --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
