:O
taw lite tar
a yan mite tal
hehe

On Sep 13, 10:18 pm, ZiPpY <[EMAIL PROTECTED]> wrote:
> mhan lite lay frd yal ....
> bar pal fit fit
> ae d lo myo top ...
> ko. yin kyay mhu nae`.
> ma kite nyi tae`. a twat
> shaung say chin par tal ....
>
> On Sep 13, 5:52 am, "[EMAIL PROTECTED]" <[EMAIL PROTECTED]> wrote:
>
> > ကျွန်တော်တို့ နယ်မြို့လေးမှာ အင်တာနက်ရမှပဲ လူငယ်တွေ တော်တော်များများ
> > အလုပ်ကို ဖြစ်လို့ နေ့စဉ်ရက်ဆက် chatting ထိုင်ရတာ မရိုးနိုင်အောင် ပဲ
> > တစ်ချို့ဆို ထမင်းမေ့ဟင်းမေ့ တစ်ချို့လူငယ်တွေကျတော့ ကျူရှင်ကို
> > ပန်းပြပြီး အိမ်ကို ပုံစံအမျိုးမျိုးနဲ့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်
> > အကြောင်းပြချက်လေးတွေပေးပြီ အင်တင်နက်ဆိုင်မှာ အချိန်ကုန်ရတာလည်း
> > မမြင်ချင်မှအဆုံး အလုပ်လုပ်နေတဲ့ သူတွေလည်း ကိုယ့်အလုပ်ချိန်ပြီးရင်
> > ညနေခင်း တစ်နေ့တစ်ခေါက်လောက် ထိုင်ရမှ စားဝင်အိပ်ပျော်မှာ chatting
> > မထိုင်လိုက်ရတဲ့နေ့တွေဆို တစ်ခုခု လိုနေသလိုကို ခံစားနေရတယ်
> > သူများတော့မသိပါ ကျွန်တော်ကတော့ ဒီလို ခံစားချက်တွေကို ကိုယ်တွေ့
> > ခံစားရလို့ပါ အင်တာနက်ကနေ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ တစ်ချို့ဆို
> > ဟိုးအဝေးကြီးမှာ ကျွန်တော့် ဒီတစ်သက် ဘယ်တော့မှ သွားနိုင်မှာ
> > မဟုတ်တဲ့နေရာတွေမှာ နေကြတာ ဒါပေမဲ့ဘယ်လောက်ဝေးဝေး ခင်မင်မှုကတော့
> > နီးနီးလေးပဲလို့ထင်တယ် အဲဒီလောက်ထိကို internet ကအသုံးဝင်လို့
> > ကျွန်တော်တို့တွေ မျက်စိပွင့်နားပွင့်ရတာပါ တစ်ယောက်နဲ့တစ်ယောက်
> > လိုင်းပေါ်မှာ မတွေ့ရင် ဘာဖြစ်တာလဲဆိုပြီး message တွေ voice mail တွေ
> > ပို့ရနဲ့ အလုပ်ကိုဖြစ်လို့ တာတောင်တစ်ရက်ကလေးပဲမတွေ့တာနော်
> > လနဲ့ချီပြီးမတွေ့ရင်တော့ Google က လက်တောင်လည်မှာ မဟုတ်ဘူး သီချင်းတွေ
> > download လုပ်ရတာနဲ့ ဘာmessage တွေချန်ထားမလဲဆိုပြီး mail box
> > ထဲဝင်ကြည့်ရတာနဲ့ ပျော်စရာတော့ အလွန်ကောင်းပါတယ်
>
> > ဒီလိုနဲ့ တစ်ညနေခင်းမှာ ကျွန်တော် အင်တာနက်ဆိုင်ကို ၀င်ဖြစ်တယ်
> > ညနေခင်းဆိုတော့ လူလည်းတော်တော် ပြည့်တယ် ဆိုင်ထဲကို ၀င်သွားတော့ လူတွေက
> > ခါတိုင်းထက်ပိုများတယ်ထင်တယ် ဘယ်ဟုတ်မလဲ လူကများပေမဲ့
> > ထိုင်ခုံအလွှတ်တွေချည်းပဲ အဲဒါနဲ့ ကျွန်တော်လည်း သင့်တော်မယ်
> > ထင်တဲ့နေရာလေး တစ်ခု ကိုရွှေးခြယ်ပြီးထိုင်ဖို့ပြင်တုန်း ကောင်လေးတစ်ယောက်
> > က လူရှိတယ်နော်တဲ့ ကျွန်တော့်ကို လှမ်းပြီးအော်ပြောတယ် အဲဒါနဲ့
> > ကျွန်တော်လည်း တစ်ခြားဘယ်စက်လွှတ်မလဲ ဆိုပြီး မှန်းပြီး သွားထိုင်လိုက်တယ်
> > ဒီတစ်ခါ လာပြောတဲ့လူမရှိတော့ဘူး အိုကေပြီ ဆိုပြီး ထိုင်လိုက်တယ်
> > ဆိုင်ရှင်လည်း ဘယ်ရောက်နေလဲမသိဘူး ကိုယ့်ဟာကိုပဲ နေရာရွှေးပြီးထိုင်တာ
> > ပြီးမှသူတို့က စာရင်းမှတ်တာ အစတော့ ကျွန်တော်လည်း ကိုယ့် account
> > ကိုဖွင့်ချင်စောနဲ့ ဘာမှ ဂရုမစိုက်မိဘူး account ဖွင့်ပြီး စစ်စရာရှိတဲ့
> > mail တွေစစ်ပြီး တစ်ခြား website တွေကိုဖွင့်ကြည့်လိုက်တယ် အဲဒီချိန်ထိ
> > သတိမပြုမိသေးဘူး ပြီးမှ ကိုယ့်မျက်စိကို pc ရှေ့ကနေ ခဏခွာပြီး
> > ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခုနက
> > လူရှိတယ်လို့ပြောတဲ့ကောင်လေးတစ်ယောက် ခုထိသူ့နေရာလာမထိုင်သေးပဲ တစ်ဖက်က
> > တစ်ခြားသူရဲ့ (သူတို့ ဘော်တာတွေထဲကပဲ) PC မှာ ၀ိုင်းအုံ ပြီးကြည့်နေတယ်
> > ကြည့်တာမှ ရိုးရိုးမကြည့်ဘူး မျက်နှာက monitor ထဲဝင်သွားမလားအောက်မေ့ရတယ်
> > ကျွန်တော်လည်း နဲနဲစိတ်ဝင်စားလာတယ်ဆိုပါတော့ အဲဒါနဲ့ မသိမသာပဲ
> > လှမ်းကြည့်လိုက်တယ် အားပါးပါး……….မြင်ရတဲ့မြင်ကွင်းက ကိုယ့်မျက်လုံးတောင်
> > ကိုယ်မယုံနိုင်စရာဖြစ်သွားတယ် သေချာတာတော့ ကျွန်တော့်လိပ်ပြာတောင်
> > လန့်သွားသလားပဲ...........
>
> > အိပ်မက်လားပေါ့ မျက်လုံးကိုပွတ်ပြီး ထပ်ကြည့်လိုက်တယ် အိပ်မက်မဟုတ်ပါ
> > အမှန်အကန် ISO လက်မှတ်ရထားသလိုပါပဲ ………………. မချောလေးတစ်ယောက်
> > ကိုယ့်အရှက်နဲ့သိက္ခာ ကိုမှ မငဲ့ပဲ VZO account ထဲကနေ တစ်ဖက်က
> > သူ့ကောင်လေးကို တစ်ခုပြီးတစ်ခု လုပ်ပြနေတယ် ရုပ်လေးက ချစ်စရာလေးပါ
> > မိကောင်းဖခင်သားသမီးထဲကလို့ယူဆလို့ရတယ် ဒါပေမဲ့ အကျင့်ကတော့ အေးလေ
> > သူ့ကောင်လေးကလည်း ဘာပြောထားလည်းမှ ကိုယ်မှ မသိပဲ ဒီဘက်က
> > မောင်မင်းကြီးသားတွေလည်း မျောက်ပွဲကြည့်သလိုကို ကြည့်နေကြတာ အတုအပ
> > သတိပြုပါလို့ ကြော်ငြာစရာမလိုဘူး အဲဒါ အင်တာနက်ခေတ်ကြီးလို့
> > ခေါ်ပါသလားခင်ဗျား……………
>
> > အင်တာနက်ထဲက ညစ်ညမ်းတဲ့ website ကြီးကိုပိတ်ထားလို့ရပေမဲ့ ဒီလို အင်တာနက်
> > ကဝေမလေး များကို ဘယ်လိုမျိုး ဆင်ဆာ ဖျက်ရမလဲ မလုပ်ပါနဲ့လို့
> > ဘယ်သူကတားလို့ရလဲ “ဘယ်သူမပြုမိမိမှု“ ဆိုသလိုမျိုးပဲ
> > ကိုယ်လုပ်ရင်ကိုယ်ပဲခံရမှာလို့ ပြောပေမဲ့ နှမချင်း စာနာမှုနဲ့……………………….
>
> > မိန်းကလေးများအနေအထိုင် ဆင်ခြင် ကြပါလို့ပြောချင်ပါတယ်ခင်ဗျား ကိုယ်က
> > ဗုဒ္ဓဘာသာနိုင်ငံ သာသာ သာသနာ ထွန်းကားတဲ့ နိုင်ငံမှာ နေထိုင်တယ်ဆိုတာလည်း
> > နဲနဲလေး သတိထားမိတန်ကောင်းပါရဲ့ ဒီလို အပြုအမူမျိုးက ဘယ်မိကောင်းဖခင်
>
> ...
>
> read more »
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to