mhan lite lay frd yal ....
bar pal fit fit
ae d lo myo top ...
ko. yin kyay mhu nae`.
ma kite nyi tae`. a twat
shaung say chin par tal ....


On Sep 13, 5:52 am, "[EMAIL PROTECTED]" <[EMAIL PROTECTED]> wrote:
> ကျွန်တော်တို့ နယ်မြို့လေးမှာ အင်တာနက်ရမှပဲ လူငယ်တွေ တော်တော်များများ
> အလုပ်ကို ဖြစ်လို့ နေ့စဉ်ရက်ဆက် chatting ထိုင်ရတာ မရိုးနိုင်အောင် ပဲ
> တစ်ချို့ဆို ထမင်းမေ့ဟင်းမေ့ တစ်ချို့လူငယ်တွေကျတော့ ကျူရှင်ကို
> ပန်းပြပြီး အိမ်ကို ပုံစံအမျိုးမျိုးနဲ့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်
> အကြောင်းပြချက်လေးတွေပေးပြီ အင်တင်နက်ဆိုင်မှာ အချိန်ကုန်ရတာလည်း
> မမြင်ချင်မှအဆုံး အလုပ်လုပ်နေတဲ့ သူတွေလည်း ကိုယ့်အလုပ်ချိန်ပြီးရင်
> ညနေခင်း တစ်နေ့တစ်ခေါက်လောက် ထိုင်ရမှ စားဝင်အိပ်ပျော်မှာ chatting
> မထိုင်လိုက်ရတဲ့နေ့တွေဆို တစ်ခုခု လိုနေသလိုကို ခံစားနေရတယ်
> သူများတော့မသိပါ ကျွန်တော်ကတော့ ဒီလို ခံစားချက်တွေကို ကိုယ်တွေ့
> ခံစားရလို့ပါ အင်တာနက်ကနေ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ တစ်ချို့ဆို
> ဟိုးအဝေးကြီးမှာ ကျွန်တော့် ဒီတစ်သက် ဘယ်တော့မှ သွားနိုင်မှာ
> မဟုတ်တဲ့နေရာတွေမှာ နေကြတာ ဒါပေမဲ့ဘယ်လောက်ဝေးဝေး ခင်မင်မှုကတော့
> နီးနီးလေးပဲလို့ထင်တယ် အဲဒီလောက်ထိကို internet ကအသုံးဝင်လို့
> ကျွန်တော်တို့တွေ မျက်စိပွင့်နားပွင့်ရတာပါ တစ်ယောက်နဲ့တစ်ယောက်
> လိုင်းပေါ်မှာ မတွေ့ရင် ဘာဖြစ်တာလဲဆိုပြီး message တွေ voice mail တွေ
> ပို့ရနဲ့ အလုပ်ကိုဖြစ်လို့ တာတောင်တစ်ရက်ကလေးပဲမတွေ့တာနော်
> လနဲ့ချီပြီးမတွေ့ရင်တော့ Google က လက်တောင်လည်မှာ မဟုတ်ဘူး သီချင်းတွေ
> download လုပ်ရတာနဲ့ ဘာmessage တွေချန်ထားမလဲဆိုပြီး mail box
> ထဲဝင်ကြည့်ရတာနဲ့ ပျော်စရာတော့ အလွန်ကောင်းပါတယ်
>
> ဒီလိုနဲ့ တစ်ညနေခင်းမှာ ကျွန်တော် အင်တာနက်ဆိုင်ကို ၀င်ဖြစ်တယ်
> ညနေခင်းဆိုတော့ လူလည်းတော်တော် ပြည့်တယ် ဆိုင်ထဲကို ၀င်သွားတော့ လူတွေက
> ခါတိုင်းထက်ပိုများတယ်ထင်တယ် ဘယ်ဟုတ်မလဲ လူကများပေမဲ့
> ထိုင်ခုံအလွှတ်တွေချည်းပဲ အဲဒါနဲ့ ကျွန်တော်လည်း သင့်တော်မယ်
> ထင်တဲ့နေရာလေး တစ်ခု ကိုရွှေးခြယ်ပြီးထိုင်ဖို့ပြင်တုန်း ကောင်လေးတစ်ယောက်
> က လူရှိတယ်နော်တဲ့ ကျွန်တော့်ကို လှမ်းပြီးအော်ပြောတယ် အဲဒါနဲ့
> ကျွန်တော်လည်း တစ်ခြားဘယ်စက်လွှတ်မလဲ ဆိုပြီး မှန်းပြီး သွားထိုင်လိုက်တယ်
> ဒီတစ်ခါ လာပြောတဲ့လူမရှိတော့ဘူး အိုကေပြီ ဆိုပြီး ထိုင်လိုက်တယ်
> ဆိုင်ရှင်လည်း ဘယ်ရောက်နေလဲမသိဘူး ကိုယ့်ဟာကိုပဲ နေရာရွှေးပြီးထိုင်တာ
> ပြီးမှသူတို့က စာရင်းမှတ်တာ အစတော့ ကျွန်တော်လည်း ကိုယ့် account
> ကိုဖွင့်ချင်စောနဲ့ ဘာမှ ဂရုမစိုက်မိဘူး account ဖွင့်ပြီး စစ်စရာရှိတဲ့
> mail တွေစစ်ပြီး တစ်ခြား website တွေကိုဖွင့်ကြည့်လိုက်တယ် အဲဒီချိန်ထိ
> သတိမပြုမိသေးဘူး ပြီးမှ ကိုယ့်မျက်စိကို pc ရှေ့ကနေ ခဏခွာပြီး
> ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခုနက
> လူရှိတယ်လို့ပြောတဲ့ကောင်လေးတစ်ယောက် ခုထိသူ့နေရာလာမထိုင်သေးပဲ တစ်ဖက်က
> တစ်ခြားသူရဲ့ (သူတို့ ဘော်တာတွေထဲကပဲ) PC မှာ ၀ိုင်းအုံ ပြီးကြည့်နေတယ်
> ကြည့်တာမှ ရိုးရိုးမကြည့်ဘူး မျက်နှာက monitor ထဲဝင်သွားမလားအောက်မေ့ရတယ်
> ကျွန်တော်လည်း နဲနဲစိတ်ဝင်စားလာတယ်ဆိုပါတော့ အဲဒါနဲ့ မသိမသာပဲ
> လှမ်းကြည့်လိုက်တယ် အားပါးပါး……….မြင်ရတဲ့မြင်ကွင်းက ကိုယ့်မျက်လုံးတောင်
> ကိုယ်မယုံနိုင်စရာဖြစ်သွားတယ် သေချာတာတော့ ကျွန်တော့်လိပ်ပြာတောင်
> လန့်သွားသလားပဲ...........
>
> အိပ်မက်လားပေါ့ မျက်လုံးကိုပွတ်ပြီး ထပ်ကြည့်လိုက်တယ် အိပ်မက်မဟုတ်ပါ
> အမှန်အကန် ISO လက်မှတ်ရထားသလိုပါပဲ ………………. မချောလေးတစ်ယောက်
> ကိုယ့်အရှက်နဲ့သိက္ခာ ကိုမှ မငဲ့ပဲ VZO account ထဲကနေ တစ်ဖက်က
> သူ့ကောင်လေးကို တစ်ခုပြီးတစ်ခု လုပ်ပြနေတယ် ရုပ်လေးက ချစ်စရာလေးပါ
> မိကောင်းဖခင်သားသမီးထဲကလို့ယူဆလို့ရတယ် ဒါပေမဲ့ အကျင့်ကတော့ အေးလေ
> သူ့ကောင်လေးကလည်း ဘာပြောထားလည်းမှ ကိုယ်မှ မသိပဲ ဒီဘက်က
> မောင်မင်းကြီးသားတွေလည်း မျောက်ပွဲကြည့်သလိုကို ကြည့်နေကြတာ အတုအပ
> သတိပြုပါလို့ ကြော်ငြာစရာမလိုဘူး အဲဒါ အင်တာနက်ခေတ်ကြီးလို့
> ခေါ်ပါသလားခင်ဗျား……………
>
> အင်တာနက်ထဲက ညစ်ညမ်းတဲ့ website ကြီးကိုပိတ်ထားလို့ရပေမဲ့ ဒီလို အင်တာနက်
> ကဝေမလေး များကို ဘယ်လိုမျိုး ဆင်ဆာ ဖျက်ရမလဲ မလုပ်ပါနဲ့လို့
> ဘယ်သူကတားလို့ရလဲ “ဘယ်သူမပြုမိမိမှု“ ဆိုသလိုမျိုးပဲ
> ကိုယ်လုပ်ရင်ကိုယ်ပဲခံရမှာလို့ ပြောပေမဲ့ နှမချင်း စာနာမှုနဲ့……………………….
>
> မိန်းကလေးများအနေအထိုင် ဆင်ခြင် ကြပါလို့ပြောချင်ပါတယ်ခင်ဗျား ကိုယ်က
> ဗုဒ္ဓဘာသာနိုင်ငံ သာသာ သာသနာ ထွန်းကားတဲ့ နိုင်ငံမှာ နေထိုင်တယ်ဆိုတာလည်း
> နဲနဲလေး သတိထားမိတန်ကောင်းပါရဲ့ ဒီလို အပြုအမူမျိုးက ဘယ်မိကောင်းဖခင်
> သားသမီးမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့တော့ ကျွန်တော်
> ထင်မြင်မိပါတယ်ခင်ဗျား ဒါကကျွန်တော်တို့ ကိုယ်တွေ့ပါ ကောင်လေးတွေကို မာယာ
> အမျိုးမျိုး သုံးပြီး လှည့်စားတဲ့ နည်းတွေ ထဲမှာ ဒီစက်ဆုတ်
> ရွှံ့စရာကောင်းတဲ့ နည်းကို ရှောင်စေချင်ပါတယ် ………..
>
> အော်………. ဒါက အင်တာနက်ခေတ်ကြီးထဲရောက်နေပြီကိုး ဒီလောက်တော့ရှိမှာပေါ့
> လို့ဆိုချင်ရင်လည်း ဆိုပါ ကျွန်တော့်အနေနဲ့မရောက်တာကမှ
> အကောင်းဆုံးလို့တော့ ထင်မြင်မိပါတယ် ဒီလိုတာတွေ့နေ မြင်နေရရင်တော့
> ဒီကြောက်စရာ ကောင်းတဲ့ခေတ်ကြီးထဲကို မရောက်ချင်တာမမှန်ပါ အင်တာနက်ရလို့
> လူငယ်တွေ မျက်စိပွင့် နားပွင့်ရတာတော့ ကျွန်တော် ၀မ်းသာမိပါတယ် ဒါပေမဲ့
> ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကြီး ကို သူများကဲ့ရဲ့မယ့် အဖြစ်မျိုးကိုတော့
> မမြင်စေမရောက်စေချင်ပါ တွေးမိတိုင်း ရင်ထဲမှာ အလုံးကြီးတစ်ခုဆို့နေသလို
> ခံစားရလွန်းလို့ internet အသုံးပြုမဲ့ ညီအစ်ကိုမောင်နှမများ အထူးသဖြင့်
> မိန်းကလေးများကို ခုလို အပြုအမူမျိုး မလုပ်မိကြဖို့နဲ့
> ခေတ်ရေစီးကြောင်းထဲကို သိက္ခာ ရှိရှိလိုက်ကြပါစို့လို့ သတိပေးရင်း
> ဒီစာကိုရေးဖြစ်တာပါ အားလုံးစဉ်းစားဆင်ခြင်နိုင်ကြပါစေလို့မျှော်လင့်ရင်း
> …………………………….
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to